ပန်းချီပညာသည် အမြဲတမ်းလေ့ကျင့်နေဖို့ လိုအပ်သည်။ ဆေးစုတ်တံကို လျစ်လျှူရှုလိုက်ရင် ဉာဏ်ကွန့်မြူးခြင်းနဲ့ အရည်အချင်းက အချိန်ကြာလာတာနဲ့အမျှ လုံးဝကျရှုံး ပျက်စီးလာလိမ့်မည်။ ဖူရွှမ့်သည် ကင်းဗတ်စ်ရှေ့မှာ မတ်တပ်ရပ်ပြီး မျဉ်းဖြောင့်တစ်ကြောင်းလေး ဆွဲဖို့တောင် ကြန့်ကြာနေမှန်း သူ့ကိုယ်သူ သိလိုက်ချိန်မှာ အရမ်းတုန်လှုပ် ကြောက်လန့်သွားသည်။

ဒါပေမယ့် စုတ်တံကို ပြန်ချစ်မြတ်နိုးဖို့ သူ့ကိုယ်သူ တွန်းအားမပေးဘဲ လက်ပါးစေတွေကို အခကြေးငွေပေး ငှားရမ်းခဲ့သည်။ သင်တန်းနည်းပြက အိမ်စာတွေ၊ ဝင်ခွင့်တွေပေးတဲ့ ဘယ်အချိန်မဆို တခြားသူတွေကို လုပ်ခိုင်းလိုက်သည်။ အနုပညာကျောင်းတွင် ပင်ကိုစွမ်းရည်ရှိတဲ့သူ မရှားပါးပေမယ့် ဆင်းရဲတဲ့ကျောင်းသားတွေ များပြားသည်။ ဖူရွှမ့်က ပိုက်ဆံအတွက် ရုန်းကန်နေရပြီး မရဲရင့်တဲ့ ကျောင်းသားတွေကို ရှာဖွေတတ်သည်။ အလွန်အံသြစရာကောင်းစွာ အတန်းကြီးလာတဲ့အထိ အဲဒါတွေကို ပြုလုပ်ခဲ့ပြီး ဆရာတွေရဲ့မျက်လုံးထဲမှာတော့ အတော်ဆုံးကျောင်းသားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒါပေမယ့် နိုင်ငံတကာ ဆီဆေးပန်းချီပြိုင်ပွဲကို ငါးနှစ်မှ တစ်ကြိမ်ကျင်းပတဲ့အပြင် အဲပွဲက အနုပညာလောကမှာ အရေးအကြီးဆုံးပြိုင်ပွဲတွေထဲက တစ်ခုလည်း ဖြစ်နေပြန်သည်။ ဖူရွှမ်ရဲ့လက်ပါးစေတွေကလည်း အဲပြိုင်ပွဲက ကျော်ကြားတဲ့ပန်းချီပညာရှင် ဖြစ်လာဖို့အတွက် အခွင့်အရေးကောင်းဖြစ်နေတာကြောင့် သူ့ကို ငြင်းပယ်လိုက်ကြသည်။ ဖူရွှမ့်သည် အရမ်းကြောက်လန့်သွားပေမယ့် သူ့စိတ်ထဲတော့ ဝေ့ရှီရန်ကို တွေးမိလိုက်သည်။

ဝေ့ရှီရန်ရဲ့ပုံစံက ခပ်လျှိုလျှိုနေတတ်ပြီး ကျောင်းသားတွေနဲ့ ဆက်စပ်မှုနည်းပါးသည်။ ဖူရွှမ့်က ဝေ့ရှီရန်မိသားစုရဲ့နောက်ခံအသိုင်းအဝိုင်းကို မသိပေမယ့် မိဘမဲ့ဆိုတာတော့ သိထားသည်။ ဒါကြောင့် သူ့ကို ပစ်မှတ်ထားလိုက်သည်။ ပန်းချီက ရှီရန်ရဲ့ မအောင်မြင် ပျက်စီးရခြင်း၏ရလဒ်ဖြစ်သည်။ စိတ်မပါခြင်း၊ နာကျင်မှု၊ လိုအင်ဆန္ဒတောင့်တမှု၊ ဝမ်းနည်းမှုနဲ့ စိတ်ရှုပ်ထွေးခြင်းတွေအားလုံးကို ချပြရေးဆွဲထားသည်။ သူ ရေးဆွဲနေကျ ရိုးရှင်းတဲ့ပုံစံကို ချိုးဖောက်ပြီး ရှေးဟောင်းအနုပညာပုံစံနဲ့ စိတ်ကူးစိတ်သန်းကို အတူတကွပေါင်းစပ်ပြီး အလှအပခံစားတတ်ဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖန်တီးထားသည်။ အဲဒါက မူးမေ့သတိလစ်ချင်စရာကောင်းလောက်အောင် လှပလွန်းသည်။

ဗီလိန္မာယာ / ဗီလိန်မာယာ ( Arc 2 )Where stories live. Discover now