1

2.5K 127 6
                                    

Unicode
အပိုင်း(၁)
ပြန်လာခြင်း

ကုတင်ပေါ်တွင်လဲလျောင်းလိုက်သည်။ တခြားသူများအမြင်တွင်တော့ အိပ်နေသည်ဟုသာထင်ရသည်။ သို့သော် ကိုယ်သည် တခြားကမ္ဘာသို့ရောက်ရှိသွားခြင်းပင်ဖြစ်သည်။

ထိုကမ္ဘာမှာ ဖုတ်ကောင်းများဖြင့်သာ ပြည့်နှက်နေသော ကမ္ဘာပျက်ကြီးတစ်ခုဖြစ်လေသည်။လူလုပ်ဖန်တီးထားသော လောကကြီးတစ်ခုဟုဆိုလျှင်လည်း မမှားနိုင်ပေ။ အပြင်လောကကြီးတွင် လူဝင်မဆန့်သည့် ကိုယ့်အတွက် ဒီကမ္ဘာပျက်ကြီးသည် အရမ်းစွဲလမ်းခဲ့ရသော နေရာလေးတစ်ခု ဖြစ်ခဲ့ဖူးလေသည်။

ထိုကမ္ဘာကြီးထဲသို့သွားရန် အထူးပြုလုပ်ထားသော head gearစက်လေးအား တပ်ဆင်ကာ လှဲအိပ်နေလိုက်ရုံပင်။

[ကြိုဆိုပါသည်။ သင် 8လကြာမှ ပြန်၀င်လာသည့်အတွက် 'သူရဲကောင်းဟောင်း' ခေါင်းစီးကို ရရှိထားပါသည်။]

ဒီနေရာသို့ လုံး၀ပြန်မလာချင်ခဲ့ပေ..မဟုတ်.. ပြန်ကို မလာသင့်သည့်နေရာပင်..အသက်ရှင်နေသမျှကာလပတ်လုံး ဒီကမ္ဘာထဲသို့ နောက်တစ်ကြိမ်ဘယ်တော့မျှ ခြေချတော့မည်မဟုတ်ဟု ဆုံးဖြတ်ချခဲ့သည်။သို့သော်လည်း အချိန်အတော်ကြာ ဝေးကွာထား‌သော နေရာတစ်ခုဆီသို့ ခနတာပြန်လာရသည့် ခံစားချက်ကို ခံစားကြည့်ချင်ပြန်သည်။

အချက်ပေးစာများ ကြားရသည်နှင့်တပြိုင်နက် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ငါတကယ်ကြီး ပြန်ရောက်လာတာပဲ..

ဘေးပတ်၀န်းကျင်အား ကြည့်လိုက်သော် ကိုယ်သည် ရဟတ်ယာဉ်ကြီးတစ်စီးနားတွင် မတ်တပ်ရပ်လျက်ရှိနေသည်။ ကိုယ်အရမ်း ရင်းနှီးခဲ့သော နေရာအား ပြန်မြင်လိုက်ရခြင်းပင် ရင်ဘတ်ထဲတွင် အမည်မသိခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာ၏။

တချို့သောသူတွေကတော့ ဘယ်တော့မှ ပြန်လာတော့မည်မဟုတ်..

မြို့တော် စကားပြောခန်းတွင် စာတစ်ကြောင်းတက်လာသည်။

❲ကာဘိုင်း : ဟာရု !!! ပြန်လာတာကြိုဆိုပါတယ် ..တခုတခုဖြစ်နေပြီထင်တာ..
ဝောာ်သေးတာပေါ့ ❳

Love in VR❲Completed❳Where stories live. Discover now