_20_From now on and for the whoe life.

1.2K 91 5
                                    

" ကျနော့ကို အမေ့မိသားစုအကြောင်း ပြောပြပေးနိုင်မလား.... ဦးလေး "

" နန်းသက်နှင်းစံရဲ့ မိသားစုလား.... "

" ဟုတ်.... "

" အေး.... မင်းသိထားသင့်တာပေါ့။ နန်းသက်နှင်းစံက ပဒေသရာဇ်ခေတ်က လက်ကျန်စော်ဘွားမိသားစုတွေထဲက မျိုးဆက်ပဲ... "

" အရံမိသားစု... ပင်မမိသားစုဆိုတာတွေကရော... "

" အဲ့ဒါကလည်း... ကြာခဲ့ပါပြီ။ ဘိုးဘွားဘီဘင်တွေလက်ထပ်ကတည်းကပေါ့... သူတို့က တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးခဲ့ကြတာ။ ဒါပေမယ့် မင်းတို့ရဲ့ ဘိုးဘေးတစ်ယောက်ကတော့ နောက်ထပ် ကြင်ယာတော်တစ်ယောက် ထပ်ထားခဲ့တယ်။ အဲ့ဒါကို လက်မခံတဲ့ အကြီးတွေက ဒုတိယ ကြင်ယာတော်ကို ဟော်နန်းကနေ ခွဲထွက်စေခဲ့တယ်။ နောက်ထပ်မျိုးဆက်တွေလည်း သူ့လို တစ်လင်တစ်မယားစနစ်ကို ဖောက်ဖျက်မှာ စိုးလို့ပေါ့။ အဲ့ဒီလိုနဲ့ ခွဲထုတ်ခံလိုက်ရတဲ့ မိသားစုက အရံမိသားစုဖြစ်လာခဲ့ပြီး... ပင်မမိသားစုကို ခစားခဲ့ကြရတယ်တဲ့။ အရံမိသားစုနဲ့ ပင်မမိသားစုကို သွေးနှောမခံတော့ပဲ ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့ကြတယ်။ ဒါပေမယ့် အဲ့မိသားစုနှစ်ခုစလုံးက ဝေးကွာတဲ့ ဆွေမျိုးတွေပဲ မဟုတ်ဘူးလား။ ဦးလေးလည်း... သိပ်ကြီးတော့ မသိပါဘူး။ မင်းရဲ့အမေနဲ့ သူ့ရဲ့အခြွေရံလို့ ပြောရမလား... နန်းသီတာတို့က ငါ့ကို တစ်ခါက ပြောပြဖူးလို့ သိခဲ့တာ "

" နန်းသီတာ.... "

" ဟုတ်တယ်.... မင်းထင်နေတဲ့ အတိုင်းပဲ။ နန်းသီတာဆိုတာ... အလိမ္မာ့ရဲ့ အမေ "

မင်းသက်မှူး သူသိချင်တဲ့အကြောင်းတွေကို နယ်စပ်က စံအိမ်အစောင့်ဦးလေးကြီးကို လှမ်းမေးနေခြင်း ဖြစ်ပါသည်။

" အရံမိသားစုဟာ... ပင်မမိသားစုကို သစ္စာခံရတယ်။ အသက်နဲ့ရင်းပြီးကာကွယ်ပါ့မယ်လို့ ကျိန်ဆိုထားကြရတယ်... "

" အဲ့ဒါဆို... တကယ်ပဲ အလိမ္မာ့မိဘတွေက ကျနော့မိဘတွေကို ကာကွယ်ပေးရင်း သေသွားကြတာလား... "

ပြန်ရလာမယ့် အဖြေကို တကယ်တော့ သူမကြားချင်ပါ။ အဲ့ဒီမိန်းကလေးပေါ်မှာ ဘယ်လောက်တောင် သူအကြွေးတွေ တင်နေခဲ့တာပါလိမ့်။ တစ်ဘဝလုံးစာ ဆပ်လို့တောင် ကုန်ပါ့မလား... မသိတော့ပါ။

Forever HomeWhere stories live. Discover now