_12_Pains... no I see the stars you picked up for me.

1.2K 97 3
                                    


" အလိမ္မာ... နင့်နဖူး ဆံပင်စပ်မှာလေ... အမာရွတ်ရှိတာလား... "

ရာသီဥတုက ပူလို့ အလိမ္မာက ရှေ့ဆံပင်ဆံရစ်ကို သပ်တင်လိုက်တုန်းခဏ နဖူးက အမာရွတ်ကို သိင်္ဂီတို့က မြင်ဖြစ်အောင် ဖြစ်သွားသေးသည်။

" အင်း... "

အလိမ္မာက အမာရွတ်ကို ပြန်ကွယ်ဝှက်လိုက်ပြီး...

" ငယ်ငယ်က ခိုက်မိတာ.... "

" ဘယ်လိုဖြစ်ပြီးလဲ.... "

ဝဏ္ဏထွန်းမေးတာကို အလိမ္မာက မဖြေပဲ တိတ်ဆိတ်နေသည်။ သူတို့အုပ်စုနဲ့ ခပ်လှမ်းလှမ်းမှာ မှုန်ကုပ်စွာနဲ့ တစ်ယောက်ထဲ ထိုင်နေသော မင်းသက်မှူးက လှည့်ကြည့်လာကာ...

" ငါ့ကြောင့်..... "

မင်းသက်မှူးမျက်နှာမှာ အခုတလော အရင်ကထက်ပြီး အရယ်ပြုံးတွေ ရှားပါးလာခဲ့ပြီး တစ်ခုခုကို အမြဲ တွေတောနေသည့် ပုံပေါ်သည်။

" အဲ့ဒီ ဒဏ်ရာက ငါ့ကြောင့် ရခဲ့တာ... "

သူမတို့ အုပ်စုနား မင်းသက်မှူးက ရောက်လာကာ...

" ၈တန်းနှစ်တုန်းက ငါနဲ့ရန်ဖြစ်ဖူးတဲ့ ကောင်တွေက အုတ်နီခဲနဲ့ ငါ့ကို ချောင်းထုတာကို အလိမ္မာက ဝင်ခံလိုက်လို့.... အဲ့ဒီဒဏ်ရာ ရခဲ့တာ... "

ကြားရရုံနဲ့တင် ဝဏ္ဏထွန်းက အလိမ္မာ့အပေါ် အားမလို အားမရဖြစ်လာရသည်။ တတ်နိုင်သမျှ မြန်မြန် သူမကို ဒီကောင့်ဆီကနေ ဆွဲထုတ်ချင်မိတော့သည်။

" ငတုံးတစ်ယောက်လိုပဲ.... အမြဲရှေ့ကနေ ကာဆီးကာဆီးနဲ့။ ကိုယ့်ကိုကိုယ် ထိခိုက်မှာကို ဘယ်တော့မှ ဂရုမစိုက်ဘူး... "

အလိမ္မာနားမှာ ထားထားတဲ့ သူ့လွယ်အိတ်ထဲကနေ မင်းသက်မှူးက ဆေးလိပ်ဘူးကို နှိုက်ကာ ထွက်သွားတော့သည်။ အလိမ္မာ သူ့နောက်ကျောကို လိုက်ငေးနေမိခဲ့သည်။

ငါ့ကိုယ်ငါတောင် ဂရုမစိုက်အားပဲ နင့်ရှေ့ကနေ ကာကွယ်နေတယ်ဆိုတာ ငါနင့်ကို ဆုံးရှုံးရမှာ ကြောက်လို့ဆိုတာ နင်သိရမှာ ပိုင်ပိုင်ရဲ့...

🏠

" ဟိုလေ.... ပိုင်ပိုင်.... "

ညနေခင်းရဲ့ နေရောင်... ဆေးလိပ်မီးခိုးငွေ့တွေရဲ့ အလည်မှာ... မေဇွန့်ချစ်သူ အဲ့ဒီကောင်လေးက ရပ်နေသည်။ ဘယ်လောက်တောင်မှ ပြောင်မြောက်တဲ့ ပန်းချီကားတစ်ချပ်နဲ့တူလိုက်သလဲ... သူဟာ...

Forever HomeWhere stories live. Discover now