_19_The girl who always remind me of time to go back home.

1.6K 97 5
                                    


" အဲ့ဒါ အလိမ္မာပေါ့... "

" အင်း.... "

" သူတို့ တကယ်ရုပ်တူကြတယ်နော်... "

" တူရမှာပေါ့... "

" အခုငါတို့ ဘာလုပ်ကြမလဲ.... "

" သူတို့ကျောင်းတက်နေတဲ့ မြို့ကို သွားမယ်... နောက်ပြီး အလိမ္မာနဲ့ စကားပြောမယ်။ ငါတို့ပြန်ခေါ်မယ်... "

" အလိမ္မာက လိုက်မှာမို့လား... "

" မလိုက်ရင် အတင်းခေါ်ရမှာပဲလေ... "

" အဲ့ဒါကတော့ တရားနည်းလမ်းမကျဘူးနန်း... "

" ငါတို့သွေးသား ငါတို့ကလေးကို ပြန်ခေါ်တာ... ဘာမတရားလို့လဲ "

သူတို့ စကားပြောဆိုနေရာသို့ မိန်းကလေးငယ် တစ်ယောက်ဝင်လာသည်။

" ဘာပြောမလို့လဲ.... တူမလေး "

" အလိမ္မာ့ကို ကျမ မြင်ဖူးချင်တယ် "

နန်းမူယာ ကောင်မလေးဆီကို ဓာတ်ပုံ ပြလိုက်သည်။ ဓာတ်ပုံထဲမှာ နံ့သာရောင်မင်္ဂလာသတို့သမီးဝတ်စုံနဲ့ အလိမ္မာက အဝေးကို ငေးကာ ဆွေးဆွေးကလေးပုံပေါ်သည်။ ဘေးမှာတော့ ဓာတ်ပုံထဲမှာတောင် ဂျစ်ကန်ကန်ရုပ်ပေါက်နေသော လူတစ်ယောက် ရပ်နေသေးသည်။

" တကယ်တူတာပဲ... "

" ဟုတ်တယ်...။ ဘေးမှာရပ်နေတာက စော်ဘွားကြီးရဲ့တူတော်ပဲ... အခုတော့ သူတို့လက်ထပ်ထားကြတယ် "

" သူက ဟောနန်းကို စွန့်ပစ်သွားတဲ့သူရဲ့ကလေးပဲလေ... ဒွေးလေး။ ကျမတို့ ခစားစရာမလိုဘူးမလား... "

" အချိန်မရွေး... စော်ဘွားကြီး အမျက်ပြေသွားနိုင်တယ်... တူမကလေး။ မင်းထက်မြတ်နိုင်နဲ့ မင်းသက်မှူးပိုင်တို့ ညီအကိုဟာ ဘယ်လိုပဲ စွန့်ပစ်ထားခံရတဲ့သူတွေလို့ပြောပြော... အဲ့နှစ်ယောက်က ပင်မမိသားစုရဲ့ နောက်ဆုံးမျိုးဆက်ပဲ။ လက်လွှတ်စပယ် ဆက်ဆံခွင့်မရှိဘူး... "

" ဟုတ်ကဲ့.... "

ထိုမိန်းမငယ်လေးသည် ဓာတ်ပုံထဲက အလိမ္မာ့မျက်နှာကို သေချာစိုက်ကာ...

" အလိမ္မာ့ကိုပဲ ပြန်ခေါ်ကြတာပေါ့... "

🏠

Forever HomeWo Geschichten leben. Entdecke jetzt