_10_Weird something.

1.4K 104 5
                                    

အဲ့ဒီနေ့က အိပ်မက်ထဲမှာ ကျနော်ဟာ အမေနဲ့ ပြန်တွေ့နေခဲ့တယ်။

နေရောင်ခြည်နွေးနွေးလေးဟာ ကျနော့်အခန်းထဲကို လိုက်ကာစ ဖြူဖြူပါးပါးလေးတွေကတစ်ဆင့် ထိုးဖောက် ဖြာကျလို့....

ပခုံးပေည်မှာဆံပင်တွေဝဲဖြာကျနေသည့် အမေက ကျနော့်ကို နောက်ကျောပေးလျက် လိုက်ကာစတွေကို ဆွဲဖယ်ပြီး အခန်းထဲကို နေရာင် အပြည့်အဝ တိုးဝင်လာစေတယ်။ လှုပ်ရှားနေပုံလေးက နူးညံ့သိမ်မွေ့လိုက်တာ.... ငှက်မွှေးကလေး လေထဲမှာ လွင့်မျောနေသလို... လိပ်ပြာကလေး အတောင်ပံခတ်နေသလို... ပန်းပွင့်ကလေး လေမှာ ယိမ်းနေသလိုပဲ....

မေမေလို့ ကျနော်ခေါ်လိုက်တော့ ကျနော့်ကို လှည့်ကြည့်လာတယ်။ နောက်ပြီးတော့ ကျနော့ကို ကြည့်ကာ ပြုံးပြနေခဲ့တယ်....

သိပ်လှတဲ့ အိပ်မက်တစ်ခုပဲ။
ကျနော် နိုးထလိုက်ရမှာကိုတောင် နှမျောနေမိတယ်...

🏠🏠🏠

" ညိုညို..... ပိုင်ပိုင်ရော.... "

ဒီနေ့က အလုပ်နားရက်ဖြစ်ပေမယ့် အလိမ္မာက မနက်အစောကြီးထပြီး ခြံထဲ တစ်ပတ် ပတ်ခဲ့ပြီးပြီ။

" အပြင်ထွက်သွားပြီလား... မနက်စာ စားသွားလား.... "

အလိမ္မာက မေးရင်းနဲ့ စားပွဲပေါ်ကို သွားကြည့်လိုက်တော့ မနက်က သူ့ဖို့ပြင်ပေးခဲ့သော မနက်စာက အတိုင်းသား ရှိနေသေးသည်။
မနက်စာကိုတောင် စားမသွားဘူးလား.... သူ...

" အလိမ္မာ ဘာတွေပြောနေတာလဲ.... ပိုင်ပိုင်ကဖြင့် မနိုးသေးဘူးလေ.... "

ဟမ်....

ညိုညို့စကားကြောင့် အလိမ္မာ မျက်လုံး ပြူးရသည်။ လက်ပတ်နာရီကို ငုံ့ကြည့်တော့ ကိုးနာရီပဲ ထိုးတော့မည်။

" ညိုညိုကလည်း.... သူ့ကို အဲ့ဒီတိုင်း ထားရသလား.... သူအပြင်သွားစရာရှိတာကို နှိုးရမှာပေါ့... "

အလိမ္မာက သူ့အခန်းရှိရာ အပေါ်ထပ်ကို ပြေးတက်ဖို့ လုပ်နေတုန်း...

" ပိုင်ပိုင့်အကြောင်း အလိမ္မာက ပိုသိပါတယ်.... ဒီအိမ်က အလုပ်သမားတွေ တစ်ယောက်မှ သူ့ကို မနှိုးရဲဘူး.... ညိုညိုလည်း မနှိုးနိုင်ဘူး သူ့ကို။ အလိမ္မာပဲ နှိုးနိုင်တာ.... "

Forever HomeDove le storie prendono vita. Scoprilo ora