"မမကို စိတ်ကောက်နေတယ်...ဟုတ်တယ်မလား..."

"မကောက်ပါဘူး...ဘယ်မှာကောက်လို့လဲ..."

လှမ်းယူသည့်လက်ကို ပြန်ရုပ်လိုက်ပြီး ရွှေရုပ်က ခပ်ဆတ်ဆတ်ပြောသည်။ပြုံးစိစိဖြစ်နေသည့်သစ္စာကိုလဲ မျက်စောင်းက လှမ်းထိုးသေးသည်။

"ကောက်နေပါတယ်...မမကိုလဲ စကားမပြောချင်နေဘူးလေ..."

"မဟုတ်ပါဘူးဆို..."

"ပါးစပ်ကသာ မကောက်ဘူးပြောနေတာ... လူကဖြင့်..."

"မဟုတ်ဘူးလို့ပြောနေတာကို....တော်ပြီ... မမနဲ့ စကားမပြောတော့ဘူး..."

"ဟာ...အဲလိုမလုပ်ပါနဲ့...ကလေးကလဲ...ရော့...ဒီမှာ ကပ်ကြေး..."

လက်ကို ဆွဲယူပြီး ကပ်ကြေးထည့်ပေးလိုက်တော့ ယူပြီး ဟိုဘက်လှည့်သွားကာ ပွစိပွစိနဲ့ ​ပြောလာသည်။

"လာပြန်ပြီ အဲဒီကလေး...ဟိုလူ့ကိုလဲ ကလေး ဒီလူ့ကိုလဲ ကလေးနဲ့..."

"အာ..."

ခုမှပဲ ပြဿနာရဲ့အရင်းအမြစ်ကို သစ္စာသဘောပေါက်တော့သည်။ပြဿနာက ဒီလိုပါ။စောစောက ရွှေရုပ်က မီးဖိုခန်းဘက်ရောက်နေတုန်း သစ္စာက အိမ်ရှေ့မှာ စာအုပ်ဖတ်နေတာဖြစ်သည်။အဲအချိန်မှာ ၁၆နှစ်လောက်သာ ရှိဦးမည့်ကောင်မလေးတစ်ယောက်က လာပြီး မမရွှေရုပ်မှာ အကျီအပ်ထားတာ ဘယ်တော့လာယူရမလဲဆိုပြီး လာမေးသည်။သစ္စာလဲ 'ရွှေရုပ်ရေ...ဒီမှာ ကလေးတစ်ယောက် လာမေးနေတယ်...ထွက်လာပါဦး...'ဆိုပြီး ပြောလိုက်မိတာ။အဲတာပြီးကတည်းက မျက်နှာက တည်သွားတော့တာပဲ။

"မဟုတ်ဘူးနော်...မမက သူ့ကို ကလေးအရွယ်မို့လို့ အဲလိုခေါ်လိုက်မိတာပါ...ဒီအတိုင်းပဲ..."

"ဘယ်သူက မေးနေလို့လဲ..."

အံမယ် ရုပ်ကလေးက။မကြားတကြားလှမ်းပြောနေတဲ့ပုံစံကို ကြည့်နေရင်း သစ္စာ ဘယ်လိုမှ မနေနိုင်တော့။အနားကို စွေ့ခနဲ ရွှေ့သွားတာ အတင်းကြုံးဖက်လိုက်ပြီး ပါးလေးနှစ်ဖက်ကို အတင်းလိုက်နမ်းလိုက်မိသည်။

"မမေးလဲ မမက ပြောပြရမှာပဲ...ကလေးဆိုလို့ ဒီတစ်ယောက်ပဲ စိတ်ထဲရှိတာ...ကျန်တာတွေကို သတိတောင် ထားမိတာမဟုတ်ဘူး သိရဲ့လား..."

ရွှေရုပ်Nơi câu chuyện tồn tại. Hãy khám phá bây giờ