" ကိုယ် ကတိပေးပါတယ်။ ထပ်ပြီး မထိခိုက်‌စေရဘူးလို့ "

ကောင်လေးသည် သူ့စကားကို ပြန်မဖြေသလို သူ့မျက်နှာကိုလည်း မကြည့်ပါ။ စူထော်နေသည့် နှုတ်ခမ်းလေးက ပြန်ပြေသွားပြီဖြစ်သော်လည်း အကြည့်‌တွေကိုတော့ လွှဲထား၏။

" မင်းလေးပဲ ကိုယ့်ကိုယုံတယ်ဆို ဟင် "

" ယုံတယ်! ယုံပေမယ့် . . . . . ကျွန်တော် မနေ့ကပြောခဲ့တာက အတည်ဆိုတာ ဦးလေးကြီး မမေ့နဲ့နော် "

သူ့မျက်လုံးကို စိုက်ကြည့်ရင်း ကောင်လေးက ပြောလာသည့်အခါ မနေ့ညက ကောင်လေးပြောခဲ့သည့်စကားများကို ပြန်ကြားယောင်မိ‌တော့ စိတ်ဝိညာဉ်အထိပင် အေးစိမ့်သွားရသည်။

" တကယ် သတ်ပစ်မှာ။ ဦးလေးကြီးကို ထိတဲ့သူအကုန်လုံး "

သူပြုံးမိသွားသည်။ ဤသည်ကို ကောင်လေးက တစ်မျိုးထင်သွားပြန်၏။

" ဪ ... လူကိုမယုံဘူးပေါ့လေ "

" မယုံတာမဟုတ်ပါဘူး။ မင်းလေးက ကိုယ့်ကို ဒီလောက်အထိသဘောကျမယ်မှန်း မထင်ထားလို့ "

သူက ပြုံးကာ ပြောသည့်အခါတွင် ကောင်လေးသည် သူ့ကို မပြုံးမရယ်မျက်နှာတည်ဖြင့်ပင် စိုက်ကြည့်နေခဲ့သည်။

သူတို့နှစ်ယောက်၏ ယနေ့လေထုတွင် အပြည့်အဝနွေးထွေးနေခဲ့ခြင်းတော့မရှိပါ။

_

ဟန်မြစ်ကူးတံတားဖြစ်သည့် ဘန်ပိုတံတားပေါ်တွင် သူရောက်နေသည်။

တံတားပေါ်မှကြည့်ရသည့် ညနေခင်းအလှသည် တပ်မက်ဖို့ကောင်းသည်။ တံတားလက်ရန်းပေါ်လက်ကိုထောက်ကာ အောက်ကိုငုံ့ကြည့်လိုက်သည့်အခါ အေးခနဲဖြစ်သွားရသည်။ ဒီခံစားချက်က တကယ်မိုက်သည်။ ဒီဇင်ဘာမှာ မြစ်ရေတွေလည်း အေးစိမ့်နေလောက်ပြီ။

သူသည် တံတား၏ လူသွားလမ်းပေါ်တွင်ဖြစ်ပြီး သူနှင့်မနီးမဝေးတွင် ထိုးရပ်လိုက်သည့် ကားလမ်းပေါ်ရှိ ကားအနက်ရောင်ကိုသာ မမှိတ်မသုန်ငေးကြည့်နေလိုက်သည်။ ပွဲစဖို့အတွက် ကစားသမားတွေစုံပြီပဲ။

" တိကျတဲ့အဖြေကိုကြားရမယ်လို့တော့ ငါမျှော်လင့်ထားတာပဲ "

Hello December [ Completed ]Where stories live. Discover now