အပိုင်း ၂၈

Start from the beginning
                                    

စွယ်သော်လင်းညစာစားနေသော်လည်း အရသာမတွေ့ဟု ခံစားနေရ၏။ တစ်ယောက်တည်း စားလို့များလား။ ဟင်းချက်လက်ရာပဲ မကောင်းလို့များလား။ မဖြစ်နိုင်ပါ။ မနေ့က စားစရာနဲ့ ဒီနေ့ စားစရာတို့သည် ဆိုင်တစ်ဆိုင်တည်းမှ ဝယ်ထား​ခြင်းပင်။ လူကြီးနှင့်အတူတူစားတာမဟုတ်၍ အရသာပင် မခံစားချင်လေတော့။

လူကြီးကိုပိုင်ဆိုင်ခွင့်ရသည်မှာ ကံတရားနှင့်ဆိုင်
နေလား။ ဉာဏ်မှီသမျှ သုံးသပ်ရသလောက်ဆိုလျှင် ရွာသားလေး ကိုကြီးဒေါင်းမာန်နှင့် XZ အုပ်စုက ဦးဒေါင်းမာန်တို့သည် အတော်ကိုတူ
ပေသည်။ မဟုတ်မှဘုရားသခင်က လက်ဆောင်ပေးလိုက်တာများဟုတွေးမိတိုင်းလည်း လက်ရှိပိုင်ဆိုင်မှုကို မယုံကြည်နိုင်သေး။ ဘယ်လို့ပင်
ဖြစ်ပါစေ။ ကောင်းမွန်သောအချစ်တစ်ခုကိုမူ
အမြဲထာဝရလက်ဝယ် ပိုင်ဆိုင်ထားချင်မိ၏။

တစ်ယောက်တည်းပျင်းရိစွာ ညစာစားပြီး အိပ် စက်လိုက်သည်မှာ ကိုနေ့သစ်အိမ်လည်ရောက် လာချိန်မှ နိုးခဲ့တော့၏။

" ကိုနေ့သစ်က စောလိုက်တာ "

တံခါးဖွင့်ပေးပြီး စကားဆိုလိုက်သည်။

"မစောတော့ဘူး သော်လင်း၊ ၈ နာရီထိုးနေပြီး။ ကိုယ်သင်တန်းမသွားခင် သော်လင်းနဲ့ မနက်စာအတူစားဖို့လာတာ "

ထမင်းစားပွဲထက်၌ အထုတ်များတင်၍ ဆိုလာသော ကိုနေ့သစ်အပြောကြောင့် ရယ်(ရီ)နေရုံသာ တတ်နိုင်တော့သည်။ အတွေးများဖြင့် ညနက်ခဲ့၍ မနက် မထနိုင်​​ခြင်းပင်။

...ဒေါက်.ဒေါက်ဒေါက်...(တံခါးခေါက်သံ)

တံခါးခေါက်သံကြောင့် သော်လင်းအနည်းငယ် ရင်ထိတ်သွားရ၏။ နံနက်ပိုင်းဖြစ်၍ လူကြီးမှလွဲ ၍ အခြားသူမဖြစ်နိုင်။ လူကြီးသည် ကိုနေ့သစ်
နှင့်ထပ်မတွေ့ရန် မကြာခဏမှာတတ်၏။

" ကိုနေ့သစ် ကိုနေ့သစ်အခန်းထဲ ခဏဝင်နေပေး "

" ဘာကို ဘာကိုလဲ "

အင်္ကျီဂုတ်မှအဆွဲခံရ၍ အမေးစကားမဆုံးခင်
သော်လင်းဆွဲရာနောက် ယက်ကန်ယက်ကန်ဖြင့် ပါသွားရ၏။ ကိုနေ့သစ်အား အိပ်ခန်းထဲခဏထည့်ပိတ်ထားရန် ရည်ရွယ်ထားသော်လည်း တံခါးလဲရန်အတွက် မနေ့ကမှအိပ်ခန်းတံခါးဖြုတ်ထားကြောင်းသတိရ၍ ကုတင်အောက် ဝင်နေရန် တောင်းဆိုရ​ပြန်၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now