" ဟာ အစ်ကိုရိုးကြီးကလဲ ငရုတ်သီးအလုံးတွေကရောနေပြီလေ ဘယ်လိုသိတော့မှာလဲ စားမှခွဲကြည့်ပြီးစားတော့ "
နှင်းနုလည်းအစ်ကိုရိုးကိုပြောရင်နဲ့မုန့်လုံးများကိုယူကာအိတ်ထဲထည့်လိုက်သည်။
" ရတယ် ငါ့ငရုတ်သီးပါလဲ စားနိုင်တယ် "
အရိပ်မှာမူးမူးနဲ့လျှာရှည်နေတဲ့ရိုးကိုကြည့်ကာညီမလုပ်သူကိုပြောလိုက်တော့ စကားရှည်လာပြန်တဲ့အရိုးတစ်ယောက်သည်။
" စားနိုင်လဲ မစားရဘူး ကိုယ်ကဆံပင်ကောင်းပြီးထူသလောက် အရိပ်မွေးလာတဲ့ကိုယ်ကလေးက ထိပ်ပြောင်နေရင်ဘယ်လိုလုပ်မလဲ မစားရဘူး "
" ဟား,ဟား ငရိုးတို့ကတော့ပြောတော့မယ် မင်းထုထားတဲ့ပန်းပုရုပ်ကမင်းနဲ့ပဲတူမှာပေါ့ ဘယ်သူနဲ့သွားတူမှာလဲ ဟ "
ကိုစံပါးကရေဖလားကြီးကိုင်ထားရင်းနဲရိုးစကားကြားတော့စနောက်လာတော့၏ ကိုစံပါးအပြောကြောင့် အုန်းလက်မဏ္ဍပ်လေးထဲရှိလူအကုန်ကထရယ်ကြတော့ အရိပ်မှာရှက်အားပိုကာရိုးအပေါ်မဲမိတော့သည်။
" အားးး , အရိပ် "
" ခင်ဗျားကလေ မူးလာရင်ပါးစပ်စည်းကမ်းနည်းနည်းလေးမှမရှိဘူး လာခဲ့အခုပြန်မယ် !"
အရိပ်လက်တစ်ဖက်ကမုန့်လုံးရေပေါ်ထုပ်ကိုကိုင်ကာနောက်လက်တစ်ဖက်ကရိုးရဲ့ဗိုက်ခေါက်ကိုလိမ်ဆွဲ၍ ခေါ်ထွက်လာတော့မဏ္ဍပ်ထဲကျန်နေခဲ့တဲ့အဖွဲ့မှာဗိုက်ပူပူလေးနဲ့နွေလရိပ်အနောက်မျက်နှာကြီးရှုံ့မဲ့ကာပါသွားတဲ့ရိုးမာန်ဂုဏ်ကိုကြည့်ပြီး
အော်ရယ်ပြီးကျန်နေခဲ့ကြသည်။မဏ္ဍပ်နဲ့အဝေးရောက်တဲ့အထိအရိပ်မှရိုးရဲ့ဗိုက်ကိုဆွဲလိမ်ထားတာ လွှတ်မပေးသေးသောကြောင့် ရိုးတစ်ယောက်အရိပ်ဆီမှာအသနားခံလိုက်သည်။
" အရိပ်လေး ကိုယ်နာတယ်လို လွှတ်ပေးပါတော့ "
" မလွှတ်ဘူး နာချင်နာပါလေစေ မူးလာရင် လူကြားထဲလဲစကားပြောမဆင်ခြင်ဘူး ပြောလိုက်တဲ့စကားအဓိပ္ပါယ်ဘယ်ရောက်လဲမသိဘူး ခင်ဗျားကလေတကယ်စိတ်တိုဖိုကောင်းတယ် !"
YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡
[ 35 ]
Start from the beginning