" ကျွန်တော်ဗိုက်ပူလေးကိုမလောင်းနဲ့အအေးမိလိမ့်မယ် ဟိုမှာအပျိုတွေကိုသွားလောင်း "

" ငရိုးရာ သင်္ကြန်ရေဆိုတာ ဘယ်လောက်အေးအေး အအေးမမိဘူးမဖျားဘူးကွ "

" မဖျားလည်းမရဘူး ကျွန်တော်ခွင့်မပြုဘူး အင်္ကျီရေစိုကြီးနဲ့အဆင်မပြေဘူး "

" အေးပါကွာ မလောင်းတော့ပါဘူး ငါ့ဘာသာ တခြားသူတွေပဲလိုက်လောင်းတော့မယ် "

လူပျိုခေါင်းကိုစံပါးက ရေဖလားကိုင်ကာ အပျိုအဖွဲ့ကိုသွားစနောက်တော့သည်။

" ရိုး ဘာလိုအဲလိုကြီးအစ်ကိုစံပါးကိုပြောလိုက်လဲ အားနာစရာကြီး !"

ခုနကအစ်ကိုစံပါးကိုပြောလိုက်တဲ့ ရိုးလေသံကနည်းနည်းမကျေနပ်သလို ခပ်မာမာကြီးမလို့ အရိပ်အားနာစွာအစ်ကိုစံပါးအနားမှမရှိတော့မှရိုးကိုဆူငေါက်လိုက်သည်။

အရိပ်ရဲ့ဆူငေါက်ခြင်းခံလိုက်ရတာကြောင့် အရိပ်ပါးလေးနှစ်ဖက်ကိုမနာအောင်အသာယာဆွဲညှစ်လိုက်၍။

" ကိုယ်ဗိုက်ပူပူလေးကိုရေမလောင်းစေချင်လို့လေကွာ ဘာလို့ကိုယ်ကိုဆူနေရတာလဲလို "

" ဒါကသင်္ကြန်လေ ရေမလောင်းစေချင်ရင်အိမ်ထဲမှာနေအပြင်ထွက်ရင်လောင်းကြမှာပဲ "

" ဒါဆို ကိုယ်တို့အခုပြန်ကြမယ်လာ "

" ရိုးမူးနေရင် အေဆေးနေစမ်း ဘယ်လိုဖြစ်နေတာလဲ ဒီမှာမုန့်လုံးလုံးတာမပြီးသေးဘူးလေ ခဏနေတခြားရွာကကလေးတွေလာရင် ကျွေးရမှာကို !"

အရိပ်ကိုဆွဲထူကာအိမ်ပြန်ရန်ပြင်နေတဲ့အမူးသမားယောကျ်ားလုပ်သူရိုးကိုအရိပ်စိတ်မရှည်ကာပြောလိုက်တော။

" ထားလိုက်တော့ ဒီမှာကျန်တဲ့လူပျိုနဲ့အပျိုတွေကျွေးလိမ့်မယ် အရိပ်ပြန်နားတော့ ဒီမှာလာကူနေတာ သုံးနာရီတောင်ရှိနေပြီ !"

" အင်း ဒါဆိုအရိပ်မုန့်လုံးတစ်ထုပ်ယူသွားဦးမယ်  "

အရိပ်အပြောကြောင့် ရိုးတစ်ယောက်မုန့်လုံးထိုင်လုံးနေတဲ့နှင်းနုကိုကြည့်လိုက်၍။

" နှင်းနု နင့်အစ်ကိုအတွက် မုန့်လုံးတစ်ထုပ်ထည့်ပေးဦး ငရုတ်သီးထည့်ထားတဲ့အလုံးတွေမပါစေနဲ့ "

( သူကြီးသမက် )  CompletedWhere stories live. Discover now