အပိုင်း(၇)

Start from the beginning
                                    

"ကိုမော်ကွန်း--"

"ပြောလေရှိန်း--- ပြောစရာရှိသေးတာလား?"

"ဦးခွန်နောင်မင်းဆက်ရဲ့ အိမ် ကို ပြောပြပါလား"

"ဟမ်--!"

"ကျွန်တော်သွားမလို့--"

"ဪ---! အမှတ်ရှစ်  ရပ်ကွက်(****) ။အဲ့ဒီ့ကို သွားလိုက် ။ ဟွန်းတော့တီး  မင်းဆက်က သူ့သားတွေ နေမကောင်းဖြစ်ရင် သားတွေအနားက မခွာလို့။"

"ဟုတ်ကဲဲ ကိုမော်ကွန်း ကျေးဇူး"

"မလိုပါဘူး"​

မော်ကွန်း ရှိန်း ပြန်သွားမှ ဖုန်းကို ထုတ်လိုက်ပြီး contentမှ မင်းဆက်ဆိုသည့် နံပါတ်ကို နှိုပ်လိုက်ပြီး ဖုန်းခေါ်လိုက်ကာ

"မင်း manကြီး လာလိမ့်မယ်။ အတော်ကို စိတ်ပူသွားတယ်။  မင်းပြောသလိုပဲ သွေးကစကားပြောနေပြီ ထင်တယ် မင်းဆက် ။"

"အင်းပါ ဟုတ်ပါပြီ ။ ဒါဆိုလည်း သတင်းကောင်းမျှော်နေမယ်"

ဟိုဘက်က မော်ကွန်းကို ဘာပြန်ပြောလိုက်သည်မသိ မော်ကွန်း ရယ်နေလိုက်ပြီး ဆုတောင်းပေးကာ အသင်းသားတွေကိုသာ ဆက်ပြီး ကြည့်နေလိုက်တော့သည်။

"ကိုရှိန်း ဘယ်သွားမလို့လဲ ။ "

"ကျောင်းစာကြည့်တိုက်သွားပြီး စာသွားဖတ်မလို့ ပွင့်ဖြူ"

ရှိန်းကို ကြည့်ပြီး မေးလာတဲ့ ပွင့်ဖြူကို ရှိန်း
ကားသော့ကိုင်ရင်းနှင့်ပင် ပြန်ဖြေလိုက်သည်။

"မြ အမှတ်မမှားရင် ဒီနေ့ ကျောင်းပိတ်ရက်လားလို့"

"ဟုတ်တယ် ပွင့်ဖြူ ။ ကိုရှိန်း လေ့လာစရာတွေလည်းရှိလို့"

"ဟုတ်ကဲ့ မြက ဘာရယ် မဟုတ်ပါဘူး။ ကိုရှိန်း နေ့လည်စာ ပြန်စားမလား မေးမလို့"

"နေ့လည်စာလား---?။"

ရှိန်း တစ်ချက် စဉ်းစား လိုက်ပြီးမှ

"ကိုရှိန်း ကြာရင် ကြာမှာ ကိုရှိန်းအတွက် ပူမနေနဲ့ ပွင့်ဖြူ ။ ကျောင်းပိတ်လည်း ကျောင်းရှေ့ ဆိုင်က ဖွင့်တာပဲ။ ကိုရှိန်း တစ်ခုခု စားလိုက်မယ်။"

"ဟုတ်ကဲ့ ကိုရှိန်း  ကားသေချာမောင်းအုံးနော်"

"အင်း အင်း ပွင့်ဖြူ ။ အေးတယ် အထဲဝင်တော့"

"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)Where stories live. Discover now