တွေးရင်းချိုးရင်း အချိန်သည်မည်မျှကုန်သွားသည်မသိ အကြောတင်းရဲ့အသံစူးစူးကြားမှသာ သတိဝင်တော့သည်
"ငါ့လိုကြာကြာချိုးချင်ရင် စောစောထလေ "
"ဘာ ငနာကောင် ငါဒီအချိန်ထနေကျလေ မင်းဘာသာ ကြာနေတာကွ"
"အော် ဟုတ်လား အေးအေး နောက်တနာရီမှပြီးမယ် စောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင် ဦးလေးဂျို ပန်းပင်တွေရေလောင်းတဲ့ ပိုက်ရှိတယ် အပြင်ဘက်ထွက်ချိုးပေါ့ကွာ"
"မင်း အကျင့်မယုတ်နဲ့နော် "
"အေးမင်းထွက်မလာရင် မင်း computerထဲက အရေးကြီးတဲ့ ဖိုင်တွေ ငါအကုန်ဖျက်ပစ်မှာ မလုပ်ရဲဘူးမထင်နဲ့နော် ငါ့အကြောင့်မင်းကောင်းကောင်းသိတယ်"ဟာ သွားပြီ အဲ့အကြောတင်းကတကယ်လုပ်တဲ့အမျိုး
"လာပြီ အခုထွက်လာပြီ ဂျီမင်းး မင်းဘာမှမလုပ်နဲ့နော် "
ဂျလောက်
"ဟွန့် အစောကတည်းကထွက်ပေးရင်ပြီးနေပြီ "
ကျွန်တော့်အား တွန်းတိုက်ကာရေချိုးခန်းထဲဝင်သွားသောသူ
ကျွန်တော့်အလုပ်ဖိုင်တွေပြန်စစ်ကြည့်ရသေးသည် ပြောမရဘူးလေ အကြောတင်းအကြောင်း ကျွန်တော်သာအသိဆုံး
ကျွန်တော်လည်း ရုံးသွားရန် ပြင်ဆင်ကာ လိုအပ်သည့်ပစ္စည်းများထည့်၍ အောက်ထက်သို့ မနက်စာစားရန်ဆင်းခဲ့တော့သည်
"အကိုလေးဂျွန် မောနင်းး"
"ဟုတ် အာဂျီမား"
"ဟုတ် အကိုလေးဂျွန်"
"သခင်လေးမနက်စာစားတော့မလား ဒါမှမဟုတ် သခင်လေးဂျီကိုစောင့်ဦးမလားဟင်"
"အခုစားမှာ အာဂျီမား သူနဲ့ဘယ်တုန်းကအတူတူစားဖူးလို့လဲ "
"ကျွန်တော်စားနေကျအတိုင်းသာချပေးပါ အာဂျီးမား"
"ဟုတ် အကိုလေးဂျွန်"
အာဂျီးမား လာချပေးသောမနက်စာများ စားကာ အလုပ်အတွက်လိုအပ်သောဖိုင်များအားပြန်စီနေမိသည်
ထိုအချိန်တွင် ဆင်းလာပါပြီ အကြောတင်းး
ဝတ်ထားတာ အဖြူရောင်ဆွယ်တာအား ခြေတံများပိုမိုပေါ်လွှင်စေသောဂျင်းဘောင်းဘီကျပ်ကျပ်ဖြင့် ငွေမျှင်ရောင်ဆံနွယ်များအား လှန်ဖြီးမထားဘဲ ရှေ့သို့ပုံချထားသည် နားတွင်လှုပ်လီလှုပ်လဲ နားဆွဲများအား တပ်ဆင်ထားသေးသည်
YOU ARE READING
မူပိုင်
Fanfictionရပ်တန့်ကျမလား..ရှေ့ဆက်ကျမလားး စဉ်းစားပါဂျီမင်းငယ် ရပျတန့ျကမြလား..ရှေ့ဆကျကမြလားး စဉျးစားပါဂြီမငျးငယျ