"အင်းအင်း ကောင်းကောင်း ပြေးကွာ။ ငါတော့ ငါ့မဒီလေးကို ကြည့်ပြီိး ဆက် ငိုက်လိုက်အုံးမယ်"
ရှိန်း Alex အပြောကို ရယ်သာရယ်လိုက်ပြီး coffee houseကနေ ထွက်လာလိုက်သည်။
လမ်းမှာ ဖြေးဖြေးမှန်မှန်ပြေးရင်း ပါတ်ဝန်းကျင်သို့ အကြည့်တွေပို့ထားလိုက်ပြီး လေကောင်းလေသန့်တွေကိုသာ ရှုရှိုက်နေလိုက်တော့သည်။ သူဒီမှာ မရှိတဲ့ ရှစ်နှစ်ကျော်ဆိုတဲ့ ကာလကြီးက အတော်ကိုမှ ပါတ်ဝန်းကျင်နဲ့ အဆက်ပြတ်သွားသည်ပဲ။ သူ့ရဲ့ မွေးရပ် ဖြစ်တဲ့ဒီနေရာကြီးကတောင် အတော်မှ ပြောင်းလဲ သွားသည်။ရှိန်း ပြောင်းလဲသွားတဲ့ သူ့ရဲ့ မွေးရပ်မြေကို
စူးစိုက်ရင်း ပြေးနေချိန်မှာတော့ သူ့မျက်ဝန်းထဲ၌
တစ်စုံတစ်ခုက နေရာယူသွားခဲ့လေသည်။သူပါတ်ဝန်းကျင်ကို စူးစမ်းရင်း ပြေးနေချိန်မှာပဲ သူ့ရဲ့ ခြေလှန်းတွေနဲ့ သူ ပန်းခြံသို့ ရောက်လာခဲ့သည်။ ပန်းခြံထဲတွင်လည်း မနက်ပိုင်းအားကစားလုပ်သူများရှိနေပြီး အသက်အရွယ်ကြီးတဲ့ အဖိုးအဖွားတွေက လမ်းလျှောက်နေကြသည်။ ပန်းခြံနှင့် မလှန်းမကန်းမှာရှိနေတဲ့ တံတားလေးကို သူ့ကြည့်လိုက်ပြီး ရှိန်း ပြုံးလိုက်ကာ အစောထဲက သူ့မျက်ဝန်းထဲမှာ နေရာယူထားတဲ့ တစ်စုံတစ်ခုအတွက် သူ့ရဲ့ ခြေလှန်းတွေက ထိုနေရာသို့ ဦးတည်လိုက်ချိန်မှာတော့----
"ဘယ်သူလဲ--?"
ရှိန်းတံတားပေါ်သို့ သွားဖို့ ပြင်နေချိန်မှာပဲ
သူ့ကို အနောက်ကနေ တစ်စုံတစ်ယောက်က ပုခုံးကို လှန်းပုတ်လိုက်သည်။ ပုတ်လိုက်တာမဟုတ်ပဲ ဒီအတိုင်း ထိကိုင်လိုက်တာ ဖြစ်ရျ်
ရှိန်း လန့်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။"ဦးခွန်နောင်မင်းဆက်--! / ခန့် /ဆက် /ဇက်--"
ရှိန်း သူ့အရှေ့မှာ ရပ်နေတဲ့ ဦးခွန်နောင်မင်းဆက်နဲ့ သားသုံးယောက်ကို ကြည့်ပြီး အံ့ဩသွားရသည်။သို့သော် သူ့အံ့ဩခြင်းက ကြာရှည်မခံလိုက် အစောက သူတံတားပေါ်မှာ ဦးခွန်နောင်မင်းဆက် clubက အသင်းသားတွေကို မြင်လိုက်ရသည်လေ။
"ဦးဦးက အားကစားလာလုပ်တာလား--?"
"ဟုတ်တယ် ဇက်လေး--!သားတို့ကရော"
YOU ARE READING
"ပြတ်ရျ် မပြေခဲ့သော ကြိုး---"🌄(completed)
Randomဘယ်လောက်ပဲ ချစ်ချစ် ယုံကြည်မှု မရှိတော့ရင် အချစ်တွေက မှေးမှိုန်သွားတယ်။ မယုံကြည်ရင် အစထဲက မချစ်နဲ့၊ သံယောဇဉ်တွေ မထားနဲ့၊ ထပ်ပြောရရင် ဖြတ်လို့မရနိုင်တဲ့ ကြိုးတွေကိုလည်း မဖန်တီးခဲ့နဲ့ ။ ကြိုးမျှင်တန်း တစ်ခုကလည်း မပြတ်ချင်ရင် တင်းခံနေတယ် ဥပမာ အထုံး အရ...
အပိုင်း(၆)
Start from the beginning