" 5 billion "

" ဟုတ်တယ် Leo 5 billion "

သူ့ရှေ့က လူရဲ့ အဝတ်စားအပြင်အဆင်ကိုကြည့်တာနဲ့တင် RK မှန်းသိသာနေတာမို့ Leo Vodka တစ်ပုလင်းကို ဆွဲမော့ကာ လည်ချောင်းရှင်းလိုက်သည်။

"  Heroin က  Morphine မှ ထုတ်ယူရရှိတဲ့ ဆေးဝင်ပစ္စည်းတစ်မျိုး ပဲ ။  ဓာတုဝေါဟာရအနေနဲ့ခေါ်မယ်ဆိုရင်  Diamorphine လို့ခေါ် တယ် ။  Morphine ကို ဘိန်းမှ ထုတ်ယူရရှိတာမလို့  Heroin ကလည်း လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုးပေါ့ ။  အရောင်အဆင်းအားဖြင့်လည်း ဖြူတယ် ဒါကြောင့်  Heroin ကို ဘိန်းဖြူလို့လည်း ခေါ်တယ်  ဆေးဖြူမှုန့် လို့လည်း ခေါ်တယ် ။ နောက်တစ်မျိုးက  နံပါတ်ဖိုးလို့လည်း လူအသိများတယ် "

" ဆက်ပြောပါဦး Leo "

အဝယ်တော်က စိတ်အားထက်သန်စွာမေးလာသဖြင့် Leo ဆက်ရှင်းပြလိုက်တယ် ။

Alex ကတော့ သူ့အရည်အချင်းကိုသိ၍ ဒီဝိုင်းကနေ ထတောင်ထွက်သွားပြီး ကောင်မလေးတွေနဲ့ကဲနေလေသည်။

" Heroin က  Morphine နဲ့ အကျိုးပေးပုံချင်း ဆင်တူတယ် ။  ဆေးဘက်မှာ Morphine ကို အသုံးပြုတဲ့ အတိုင်း Heroin ကိုလည်း အသုံးချလေ့ရှိတယ် ။ ဒါပေမဲ့  အကျိုးအာနိသင်အရာမှာကြတော့  Heroin က  Morphine နဲ့  ဘိန်းတို့ထက် အဆပေါင်းများစွာ ပိုပြီး  ထက်မြက်တယ် ။ ပိုပြီးလည်း အဆိပ်ပြင်းထန်တယ် ။ လွန်ကဲပြီးကို  အလေ့အကျင့်အထုံ စွဲမြဲမြန်ဆန်စေတယ်ပေါ့ ။

ဒီလို  Heroin က   မှီဝဲသူတွေကို တုံ့နှေးခြင်းလည်း ဖြစ်စေတတ်ပြန်ရော။  ဘိန်းစွဲသူတွေကလည်း Heroin ကို  မှီဝဲလေ့ရှိတယ်။  Heroin က  အခြားမူးယစ်ဆေးမျိုးတွေနဲ့မတူဘူး ။ မှီဝဲသူ၏စိတ်ကို ပိုလိုလွန်ကဲစွာ ထိခိုက်စေတတ်တယ် ။ ဥပမာ -  မှီဝဲစမှာ Sam ကို  ပိုပြီးပေါ့ပါးပျော်ရွှင်လာစေတာပေါ့ "

" Thank you Leo "

" It does not matter, Sam "

ဆယ့်ငါးမိနစ်မျှ စကားပြောအပြီးနောက်မှာတော့ Sam က 5 Billion ဖိုးအတိ Heroin တွေဝယ်သွားသည်။

Alex ကိုလည်း သူ့ဆီ ခေါ်လာပေးလို့ ကျေးဇူး တင်ကြောင်း ခဏခဏပြောသွားပြန်တယ်။

" မင်း ငါ့ကို ကျေးဇူး တင်သင့်တယ်နော် Leo "

" Acc ထဲ  1 billion  လွှဲပေးထားတယ် Alex  ကျေးဇူး မတင်လည်း ရတယ်မလား "

Baby of the billionaireWhere stories live. Discover now