ဗညားသတိုးရဲ့မျက်ခုံးတွေက တစ်ခုနှင့်တစ်ခုနီးကပ်လာပြီး စူးရှသည့်မျက်ဝန်းတွေက အလိုမကျဟန် ပြည့်လာသည်။

"စစ်သည်တော်တစ်ယောက်ဆိုတာ နောက်ဆုံးထွက်သက်အချိန်မှာတောင် ဓားကိုလက်မလွှတ်ရဘူး"

နန်းစောရှင် လည်ပေါ်ကဓားသွားကို လက်ချောင်းလေးတွေနှင့် တွန်းဖယ်ကာ ပြုံးရင်းပြောလိုက်သည်။

"ကျွန်တော်မျိုးမှားပါတယ် အပြစ်ပေးတော်မူပါအိမ်ရှေ့မင်း"

နန်းစောရှင်ရဲ့ချစ်ရိပ်စွန်းသည့်အသံလေးက ပျော့ပျောင်းနေကာ မျက်ဝန်းတွေက အသနားခံနေသလို ချစ်ဖွယ်ကောင်းသည်။ချွေးစိုနေသည့်မျက်နှာလေးက ယောကျာ်းပီသချောမောနေကာ အနည်းငယ် နှင်းဆီသွေးလွှမ်းနေသည်။ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် မျက်တောင်လေးတွေက  တဖျတ်ဖျတ်။

ဗညားသတိုးရဲ့နှလုံးသားက တစ်ချက်ခုန်ဆောင့်သွားလိုက်တာ မြင်းမိုရ်တောင်ထိပ် ရောက်သွားပြီထင်။

ဗညားသတိုးလက်ထဲမှ ကွန့်ရောင်ဝါဓားက လွှတ်ကျသွားသည်။ဗညားသတိုး ဘယ်ဘက်ရင်အုံကိုလက်နှင့်ကိုင်အုပ်လိုက်ပြီး ဒူးထောက်ကျသွားသည်။

"အား"

နန်းစောရှင် အိမ်ရှေ့မင်းပုံစံကြောင့် ပြာပြာသလဲ အိမ်ရှေ့မင်းရှေ့ ဒူးထောက်လိုက်သည်။နန်းစောရှင် အိမ်ရှေ့မင်းရဲ့လက်မောင်းရင်းကို ဆုပ်ကိုင်လိုက်ပြီး။

"အိမ်ရှေ့မင်း ဘာဖြစ်ရော့တာလဲ"

"နန်းစောရှင် မျက်တောင်ခတ်လိုက်တာ ကိုယ်တော့်နှလုံးသားလေးလွှင့်သွားပေလို့"

"ဟမ်"

"နန်းစောရှင် တစ်ချက်နမ်းရင်တော့ဖြင့် ပြန်ရောက်လာတန်ကောင်းပါရဲ့"

အိမ်ရှေ့မင်းရဲ့နှုတ်ခမ်းကထွက်သည့်စကားတွေကြောင့်သာ မဟုတ်ရင် အိမ်ရှေ့မင်းက အမှန်တကယ်အလွန်အမင်းနာကျင်နေတယ်လို့ ထင်သွားနိုင်သည်။

နန်းစောရှင်ရဲ့ချွေးစိုနေသည့်မျက်နှာလေးက ချက်ချင်းနီရဲသွားသည်။သည်လိုအချိန်မျိုးမှာတောင် အိမ်ရှေ့မင်းက ကျီစယ်နိုင်သေးသည်။နန်း‌စောရှင် အိမ်ရှေ့မင်းကိုမကြည့်ရဲတော့ဘဲ အိမ်ရှေ့မင်း နှဖူးလေးကို တစ်ချက်နမ်းကာပိုးချည်လွှားဓားကို ကောက်ကိုင်ပြီးထပြေးတော့သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now