အခုတော့အရိပ်ဘက်ကလိုချင်တယ်တဲ့ ရိုးစိတ်သဘောအတိုင်းအရိပ်ဆန္ဒကိုမေ့လျော့နေကာ လျစ်လျူရှုထားခဲ့မိတာကိုတွေးမိတော့အားနာစွာအရိပ်ခါးလေးကိုဖက်လိုက်၍။

" ကိုယ်တောင်းပန်ပါတယ် အရိပ်ပင်ပန်းမှာစိုးရိမ်မိတဲ့စိတ်တစ်ခုတည်းနဲ့ပစ်ထားခဲ့မိတာ "

ရိုးစကားကြားတော့ အရိပ်ပါးပြင်ဖွေးဖွေးလေးနှစ်ဘက်ကညမီးရောင်အောက်မှာသိသိသာသာရဲတက်လာသည်။

" ကိုယ် ညင်သာပေးမယ်နော် "

အရိပ်ဘက်ကဘာစကားမှခွန်းတုံ့ပြန်ဖြေမလာပေမဲ့ မျက်လွှာလေးချကာခေါင်းလေးညိတ်ပြလာသည်။

သူတို့နှစ်ယောက်လုံးကိုအရိပ်ဗိုက်အပ်ထားတဲ့ဆရာကမှာထားသည်။

ကိုယ်ဝန်နုနေချိန်အတူမနေပဲရှောင်ခိုင်းထားပေမဲ့ ကိုယ်ဝန်လရင့်လာရင်တော့ ညင်ညင်သာသာအတူနေလိုရပြီလို့ပြောထား၏ ရိုးဘက်ကအရိပ်စိတ်ပင်ပန်းမှာစိုးလို့ကိုယ်ဝန်လရင့်ချိန်မှာလဲရှောင်နေခဲ့သည်။

အခုတော့အရိပ်ဘက်ကဆန္ဒပါပါသဘောတူလာတာကြောင့် ရိုးတစ်ယောက်ပျော်ရွှင်စွာအရိပ်ရဲ့‌ဗိုက်ပူပူခါးလေးကိုညင်သာစွာဖက်လိုက်ပြီးနှုတ်ခမ်းနှစ်ခုပြန်လည်ဂဟေဆက်လိုက်ပြီးနောက် မကြမ်းတမ်းတဲ့အနူးညံ့ဆုံးသောအနမ်းတွေပေးကာအိပ်ရာပေါ်အသာယာလှဲအိပ်လိုက်သည်။

" ကလေးလေး , ဖေဖေတို့နှစ်ယောက်ကိုခဏလောက်မသိချင်ရင်ဆောင်ပေးထားဦးနော် "

ရိုးတစ်ယောက်အရိပ်ဗိုက်ပူပူလေးကိုနမ်း၍ ဗိုက်ထဲကကလေးကိုစကားပြောလာတော့ အရိပ်အရှက်ပိုကာလက်နှစ်ဖက်နဲ့မျက်နှာကိုအုပ်ထားမိသည်။

ရိုးအရိပ်ကိုလှမ်းကြည့်မိတော့ အရှက်ပိုလို့မျက်နှာကိုလက်နဲ့ဖုံးကွယ်ထားသောအရိပ်လက်လေးနှစ်ဖက်ကိုဆွဲဖယ်လိုက်၍။

" ကိုယ့်ကိုကြည့် အရိပ်လေး "

" ရှက်တယ် "

အရိပ်ဆီကခပ်တိုးတိုးလေးထွက်လာတဲ့စကားကြောင့်ရိုးပြုံးလိုက်၍။

" ခုနကလိုချင်တယ်လို ပြောတာဘယ်သူလေးပါလိမ့် "

" ရိုး နော် !"

( သူကြီးသမက် )  CompletedWhere stories live. Discover now