သို့သော် Jungkook နားမလည်သည့်အရာတစ်ခုရှိလေသည်...Taehyung နဲ့သူကနေ့တိုင်းအတူတူကျောင်းသွားလေသည်...ထို့အပြင်သူအားအတန်းထဲရောက်အောင်လိုက်ပို့ပြီးတော့မှ Taehyung ကသူ့အတန်းဆီကိုပြန်လေသည်...ဘယ်အချိန်တွင်သူ့စားပွဲခုံထဲကိုထိုမုန့်တွေထည့်လိုက်မှန်းမသိရချေ...တစ်ချိန်တည်းမှာပင်ဝမ်းနည်းသလိုခံစားလိုက်ရသည်...အဘယ်ကြောင့်ဆိုသော်ဒီနေ့ Taehyung ကသူ့ကိုကျောင်းသွားဖို့လာမခေါ်ချေ...ထို့အပြင်ဖုန်းလည်းမခေါ်ထားတာကြောင့် Jungkook ပို၍စိတိမသက်မသာဖြစ်ရလေသည်...မနေ့ကဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို Taehyung ကဘယ်လိုမှသဘောမထားဘူးလားဟုလည်းတွေးလိုက်မိသည်...

"ကဲကဲ...အဲ့တာဆိုပထမအချိန်သင်မဲ့ဆရာဝင်လာတော့မှာနော် ဆူညံမနေကြနဲ့တော့ ကြားလား"

အတန်းပိုင်ဆရာကပေတံကိုစားပွဲခုံအားရိုက်ကာပြောတာကြောင့် Jungkook ရဲ့အတွေးစတွေလွင့်ပယ်ကာစာမှာပဲအာရုံစိုက်ထားလိုက်တော့သည်....
.
.
.
နေ့လည်စာစားချိန်ရောက်ပြီဖြစ်တာကြောင့်ကျောင်းသားကျောင်းသားတွေဟာ canteen ဆီကိုအပြေးအလွှားသွားနေကြလေသည်...သို့သော် Jungkook ကတော့အိမ်စာတွေတခါတည်းပြီးချင်တာကြောင့်မုန့်မစားဘဲစာထိုင်ရေးနေလေသည်...ထိုအချိန်အတန်းရှေ့ကိုပြေးလာသည့်ခြေသံတစ်စုံကိုကြားလိုက်ရသည်...

"ချာတိတ်!!"

အတန်းထဲကိုပြေးဝင်လာကာ Jungkook ရှေ့မှာလာရပ်သည့် Taehyung ဖြစ်သည်...

"ဟင်...Hyung...!!ဘာ..ဘာဖြစ်လို့လဲ"

ဟောဟဲလိုက်ကာဆံပင်တွေကိုသပ်တင်နေသည့် Taehyung ကိုမြင်သောအခါ Jungkook အံ့ဩသွားကာမေးသည်...သို့သော် Taehyung ကပြန်မဖြေဘဲ Jungkook ရဲ့နဖူးပေါ်ကိုလက်တင်လိုက်သည်...

"ကိုယ်လည်းမပူပါဘူး..."

"ဘာ...ဘာလို့လဲလို့..."

"မနက်ကချာတိတ်ကိုကိုယ်စောင့်နေသေးတယ် ကျောင်းတက်သွားလို့မတွေ့လိုက်ရဘူး အဲ့တာနေ့လည်ကျရင်အတန်းပျက်ပြီးချာတိတ်ကိုလာတွေ့မလို့ နေများမကောင်းနေတာလားလို့ ဒါပေမယ့်ခုနကကိုယ့်သူငယ်ချင်းတစ်ယောက်က canteen သွားရင်းနဲ့ချာတိတ်ကိုတွေ့ခဲ့တယ်ဆိုလို့ပြေးလာတာ"

SO,THIS IS LOVEWhere stories live. Discover now