"ဟယ်လို..."
လွယ်အိတ်ကိုကောက်လွယ်ကာအခန်းအပြင်ထွက်ဖို့ပြင်နေသည့်အချိန်မှာပင်ဖုန်းလာတာကြောင့်ကြည့်လိုက်တော့ Taehyung ဖြစ်နေတာကြောင့် Jungkook ပြုံးလိုက်မိသည်...Taehyung နဲ့သူနဲ့ခင်တာတစ်လနီးပါးရှိပြီဖြစ်သည်...ထိုတစ်လဆိုသောအချိန်အတောအတွင်းတွင် Taehyung ဘက်ကနေသူ့ကိုသဘောကျသည့်ပုံစံတွေကိုထုတ်ဖော်ပြသလိုစသလိုလို၊နောက်သလိုလိုနဲ့လည်းချစ်ခွင့်ပန်တတ်သေးလေသည်...Taehyung ရဲ့သူငယ်ချင်းတွေကိုယ်တိုင်ကတောင်ပြောင်းလဲသွားသည့် Taehyung ကိုကြည့်ကာအံ့ဩနေကြလေသည်...
"ဟယ်လို ကလေးလေးနိုးပြီလား"
"Hyung!!အဲ့လိုကြီးမခေါ်နဲ့လို့...."
"ဘာဖြစ်လို့လဲ ကလေးလေးမို့လို့ကလေးလေးလို့ခေါ်တာလေကွာ..."
"Hyung ကိုကြိုက်နေတဲ့ကောင်မလေးတွေသာကျွန်တော့်ကို Hyung ကအဲ့လိုခေါ်တာသာကြားသွားရင်ဒေါသထွက်လိုက်မဲ့ဖြစ်ခြင်း..."
ဓာတ်လှေကားထဲကိုဝင်ကာ Jungkook ပြောသည်...
"ကိုယ်ကသူတို့ကိုဂရုစိုက်မယ်ထင်နေလား ဝေးသေး ချာတိတ်ကိုပဲဂရုစိုက်မှာ တစ်သက်လုံးစာ..."
"Taehyungie Hyung နော်..."
"ချာတိတ်...."
"အွန်း..."
အောက်ထပ်ကိုရောက်လာကာတိုက်ခန်းရဲ့တံခါးကိုဖွင့်လိုက်တော့သူ့အားအဆင်သင့်စောင့်နေသည့် Taehyung ကိုတွေ့လိုက်ရသည်...ထိုအခါ Jungkook ကလက်လေးလှမ်းပြလေသည်...
"ချစ်တယ်..."
Taehyung ကပြောလိုက်ပေမယ့် Jungkook ကဖုန်းချလိုက်တာကြောင့် Taehyung ရဲ့စကားကိုမကြားလိုက်ရပေ...
"Taehyungie Hyung စောင့်နေရတာကြာပြီလား..."
"မကြာသေးပါဘူး ချာတိတ်အတွက်ပဲ စောင့်နိုင်တာပေါ့ဗျာ"
Jungkook ရဲ့မျက်လုံးလေးတွေကိုဖုံးအုပ်နေသည့်ရှေ့ဆံပင်လေးတွေကိုဖယ်ပေးကာ Taehyung ပြောသည်...
"Taehyungie Hyung..."
"အွန်း...ပြောလေ"
"မနက်စာစားပြီးပြီလား..."
"မစားရသေးဘူးလေ Hyung ကနိုးနိုးချင်းရေမိုးချိုးပြီးချာတိတ်ဆီထွက်လာခဲ့တာ"
YOU ARE READING
SO,THIS IS LOVE
FanfictionAlways on my mind Forever in my heart ෆ Both Unicode and Zawgyi