Silent (U&Z)

508 27 0
                                    

♥ Šïlênț ♡

part.6

1နှစ်..

1နှစ်တောင်ရှိခဲ့ပြီ...

ကိုကို့နားကငယ်ထွက်လာခဲ့တာ1နှစ်ရှိနေပြီတဲ့လား..

ကိုကိုသိလား..ငယ်လေကိုကို့ကိုမေ့မရခဲ့ဘူးတစ်ရက်လေးတောင်...

ကိုကို့လုပ်ရပ်တွေအတွက်ငယ်ကမုန်းပစ်ချင်ပေမဲ့မုန်းလို့မရခဲ့ဘူး...

သူတွေးရင်းလွန်ခဲ့တဲ့တနှစ်ကအဖြစ်အပျက်ကိုတွေးမိတယ်...

ကိုကိုသူ့ဆီကပြန်သွားတော့...

သူပျော်ရမှာလား..
၀မ်းနည်းရမှာလားမသိခဲ့...
လွတ်ချတော့မယ်တွေးလိုက်တဲ့အရာကပြန်ပေါ်လာခဲ့တယ်...

သူကိုကို့ကိုခွင့်လွတ်ရမှာလားတွေးနေတုန်းဖုန်း၀င်လာခဲ့တယ်..

ပါးနေမကောင်းလို့အမြန်လာခဲ့ပါတဲ့...

့်ရိပေါ်အတွေးတခုရခဲ့တယ်..အဲ့ဒါကြောင့်ပါးရှိရာကိုလာခဲ့လိုက်တယ်..

ဒီရောက်တော့ပါးကနေမကောင်းတာကြောင့်ပါးရဲ့လုပ်ငန်းတွေကိုသူဦးစီးခဲ့တယ်...

သူကမိသားစုလုပ်ငန်းမလုပ်ဘဲရှောင်ထွက်ပြီးကိုကို့နောက်လိုက်နေတာဘယ်လောက်တောင်ရှိနေပြီလဲ..

သူတွေးခဲ့တဲ့အတွေးလေးကသူကိုကို့ကိုမထားခဲ့ချင်ပေမဲ့ကိုကို့ရဲ့အချစ်ကိုစမ်းသပ်ချင်သေးတယ်...

ဒါကြောင့်အသိမပေးဘဲထားခဲ့ရခြင်း...

ကိုကိုသာတကယ်ချစ်ရင်ဘယ်လောက်ကြာကြာစောင့်နေမှာဘဲလို့....

ခုဆိုတစ်နှစ်တောင်ရှိခဲ့ပြီလေ..

ဒီတစ်နှစ်မှာကိုကိုကငယ့်ကိုစောင့်နေရဲ့လား...

အရင်လိုချစ်နေအုန်းမှာလား...

ဒါမှမဟုတ် မေ့သွားပြီးလား...

ငယ်သိပ်သိချင်တယ်ကိုကို...

ဒီကစားပွဲကငယ့်နှလုံးသားကိုလောင်းကြေးထပ်ထားတာကိုကို..

လူ့ဘ၀ဆိုတာဘာမှယုံကြည်လို့မရဘူး....

လှည့်စားတတ်တဲ့ကံကြမ္မာရှိသလို...

SilentWhere stories live. Discover now