Silent(U&Z)

572 33 0
                                    

ရိပေါ်လည်းရှောင်ကျန့်ခိုင်းတဲ့အလုပ်ကိုပြီးအောင်လုပ်နေလိုက်တယ်...

ဘာလို့လည်းမသိဒီနေ့မှလူကနေမကောင်းချင်နေသလို...
စိတ်ဖိစီးမှုနဲ့အစားအသောက်မမှန်တာတွေများလာတော့အစာအိမ်ကနာနာလာတယ်...

ဆေးသောက်ပြီးအားတင်း၍သာလုပ်နေလိုက်တယ်...
သူဒီအလုပ်ကိုပြီးမှကိုဖြစ်မှာလေ...

ကိုကိုကရက်စက်လွန်းတယ်ငယ့်အပေါ်မှာချစ်ခြင်းလေးနည်းနည်းတောင်မရှိတော့ဘူး....

ရိပေါ်မသိခဲ့ဘူးသူဘာလုပ်လုပ်အနောက်နေအမြဲကြည့်နေတဲ့သူရှိနေတယ်ဆိုတာကို...

ရုံးကလူတွေအကုန်ရုံးဆင်းသွားကြပြီ...

ကိုကိုလည်းပြန်သွားပြီဘဲ...

သူဒီညတော့အိမ်မပြန်ဘဲလုပ်နေဖို့တွေးလိုက်တယ်....

တချက်တချက်နာလာတဲ့ဗိုက်လေးကိုနှိပ်ကာပြီးစီးအောင်လုပ်လိုက်တယ်....

မနက်၇နာရီလောက်ကျသူအလုပ်တွေပြီးသွားလို့ceoစားပွဲပေါ်ကိုတင်၍အိမ်ပြန်ပြီးအ၀တ်အစားလဲရန်ထွက်လာခဲ့တယ်...

ရှောင်ကျန့် ကုမ္ပဏီ ရောက်တော့ရိပေါ်ရဲ့အလုပ်စားပွဲကိုကြည့်လိုက်တယ်...

ရိပေါ်ထိုအခိန်ထိရောက်မလာသေးပါ...

သူအလုပ်ခိုင်းတာများလွန်သွားလို့လားလို့လည်းတွေးမိတယ်....

ရုံးခန်းထဲ၀င်လိုက်တော့စားပွဲပေါ်ကဖိုင်လေးကိုမြင်တော့...

သူကပြီးသွားပြီကိုမဟုသေးပါဘူးဒါဆိုသူကတညလုံးအလုပ်လုပ်နေခဲ့တာလား....

အခုထိလည်းရောက်မလာသေးဘူးရောက်လာမှအပစ်ပေးပစ်အုန်းမှာ...

ရှောင်ကျန့် မျှော်နေပေမဲ့ရိပေါ်ရောက်မလာခဲ့...
စိုးရိမ်စိတ်လေးနည်းနည်းဖြစ်နေမိတယ်...

ဖုန်းခေါ်တော့လည်းမကိုင်...

တကယ်ဆိုရိပေါ်ကဆေးရုံရောက်နေခြင်းပါ...

သူရုံးကအမြန်ကားတစ်စီးနဲ့တိုက်မိမလိုဖြစ်ပြီးသတိမေ့သွားတာပါ...

၀မ်ချင်လည်းကားမောင်းလာရင်းသူ့ကားရှေ့မှာမေ့လဲသွားတဲ့သူကိုကြည့်တော့ရိပေါ်...

SilentWhere stories live. Discover now