Silent(U&Z)

579 35 0
                                    

ရှောင်ကျန့်သူ့ရှေ့မှ၀မ်းနည်းတဲ့ပုံစံလေးနဲ့ထ ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီးသူ့ရင်ထဲမှာအမည်မသိဝေဒနာတခုခံစားလိုက်ရတယ်..

ဘာကြောင့်မှန်းသူမသိပါထိုကောင်လေး၀မ်းနည်းရင်သူ့ရင်ထဲမှာတင်းကြပ်တဲ့ဝေဒနာတခုကိုခံစားရတယ်...

သူထင်နေမိတာက...

ကောင်လေးရဲ့အပြုအမူတွေ...
သူရင်းနှီးတယ်လည်းထင်နေတယ်...ဒါမဲ့မမှတ်မိဘူး..

သူစဉ်းစားမိတာကောင်လေးကသူ့ကိုပိုက်ဆံကြောင့်ကပ်လာတယ်လို့ထင်တယ်..
ခုခေတ်ကလူတိုင်းဒီလိုပဲလေ..
အဲ့ဒါကြောင့်သူဝေးဝေးနေခဲ့တာ..

ခုတော့သူ့မှာစေ့စပ်ရမည့်သူရှိနေပြီပဲ..

ထိုကောင်လေးနဲ့ရှင်းအောင်သူမိတ်ဆက်ပေးခြင်း...

ခုလည်းကောင်လေးကထ.ထွက်သွားတယ်..

ရိပေါ်လည်းရှောင်ကျန့်ရဲ့လုပ်ရပ်ကြောင့်မခံစားနိုင်လို့ထ ထွက်လာခဲ့မိတယ်..

ကိုရယ်ရက်စက်လိုက်တာ...ငယ်ကကို့အနားမှစိတ်ဆင်းရဲခံပြီးနေပေးနေတာကို..
တခါတခါကိုငယ့်ကိုကြည့်လာတဲ့မျက်လုံးတွေမှာအထင်သေးတဲ့အကြည့်တွေပါလာတယ်...
ကိုကငယ့်ကိုဘယ်လိုထင်နေတာလည်းငယ်မတွေးတတ်ဘူး...

ငယ့်ကိုသိက္ခာမရှိတဲ့သူ...အထက်လူကြီးကိုရောတဲ့သူမြူဆွယ်တဲ့သူလို့ကိုမြင်နေတာလား...

ကို့ရဲ့အကြည့်တချက်တိုင်းကငယ့်ရင်ကိုမီးနဲ့ထိုးနေသလိုဘဲ..နားကျင်သလိုပူလောင်ရတယ်...

ငယ့်ကကို့ကိုချစ်လွန်းလို့ကို့နားမှာနေနေတာပါ...

ကိုကငယ့်ကိုတကယ်များမချစ်ခဲ့လို့ငယ့်ကိုမေ့နေတာလားဆိုတဲ့အသ်ိကငယ့်နှလုံးသားကိုဓားနဲ့မွန်းနေသလိုခံစားရတယ်...

ကိုများပြန်မှတ်မိလာမလားဆိုတဲ့စိတ်လေးနဲ့ကို့နှင့်ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေကြည့်ရင်းမျက်ရည်တွေနဲ့ဖြတ်သန်းခဲ့ရတဲ့ညပေါင်းလည်းမနည်းတော့..

ခုတော့ကိုကလုပ်ရက်လိုက်တာ...

သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးကိုခေါ်လာပြီးမိတ်ဆက်တယ်တဲ့....

SilentWhere stories live. Discover now