Silent (U&Z)

529 30 0
                                    

ရိပေါ်သတိရလာတော့ ဘေးမှာမြင်နေရတဲ့ပတ်၀န်းကျင်ကဆေးရုံ...

ဟင်....ငါကဆေးရုံကိုဘယ်လိုရောက်လာတာလဲ..

''ရိပေါ်သတိရလာပြီလား...´´

''ဟင်...ကျဲကျွန်တော်ဒီကိုဘယ်လိုရောက်နေတာလဲ´´

''မင်းကျဲကားရှေ့မှာမေ့လဲသွားလ်ို့´´

''ကျွန်တော်ဘာဖြစ်တာလဲ´´

''အားနည်းတာတဲ့ပြီးတော့အစားပုံမှန်မစားလို့အစာအိမ်ရောင်နေတာ´´

''ဒါပေမဲ့ကျွန်တော်အလုပ်တွေရှိသေးတယ်..
ဆေးရုံကဘယ်တော့ဆင်းရမှာလဲ´´

''အလုပ်တွေတော့နားထားအုန်း...ဆေးရုံကခနနေဆေးသွင်းထားတာကုန်ရင်ဆင်းလို့ရပြီ´´

''ဟုတ်´´

''ရိပေါ်...မင်းရှောင်ကျန့်ကိုခုထိချစ်နေတုန်းလား..
ဟိုကမင်းကိုသတိမရတဲ့အပြင်အထင်သေးအမြင်သေးတွေပြောနေတာတောင်´´

''ကျွန်တော်သူ့ကိုချစ်လို့ပါ....ဘာဘဲဖြစ်ဖြစ်ကျွန်တော်သီးခံနိုင်တယ်´´

''အင်းပါ....ကိုယ့်ကိုယ်ကို တော့မထိခိုက်စေနဲ့...´´

''ဟုတ်´´

ရိပေါ်ဆေးရုံကဆင်းတော့တိုက်ခန်းကိုလဲပြန်လာလိုက်တယ်
ကျဲကလည်းလိုက်ပို့ပြီးပြန်သွားတယ်....

အခန်းနားရောက်တော့သူ့အခန်းရှေ့မှာမြင်လိုက်ရတဲ့သူကြောင့်အံ့သြ သွားတယ်...

ကိုကို....ကိုကိုကဘာလုပ်နေတာလဲ...ငါ့ကိုများစိတ်ပူလို့လား....

''CEOဘာကိစ္စရှိလို့လဲ´´

''ဘာကိစ္စလည်းမေးသေးတယ်မင်းအလုပ်မလာလို့လာခေါ်တာ....
အစည်းဝေးရှိတယ်ဆိုတာမသိဘူးလား...
ဘယ်ကောင်မနဲ့ပလူးနေလို့ရုံးတောင်မလာနိုင်ရတာလဲ´´

ရှောင်ကျန့်ရဲ့စကားတိုင်းကရိပေါ်ရင်ကိုမီးစနဲ့ထိုးနေသလိုပူလောင်ရတယ်...

အဟက်...ရိပေါ်..ရိပေါ်မင်းတော်တော်စိတ်ကူးရင်တတ်ပါလားကိုကိုကစိတ်ပူမယ်ထင်လို့တဲ့....

''ဒီမှာ .....ceoပြောတာလွန်နေပြီနော်´´

''မလွန်ပါဘူး....မင်းလိုအလုပ်သမားမျိုးထားရတာငါ့ ကုမ္ပဏီ သိက္ခာကျ တယ်´´

SilentWhere stories live. Discover now