မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နန်းစောရှင်ရဲ့နှုတ်ခမ်းတစ်စုံက ကော့တက်လာသည်။အိမ်ရှေ့မင်းက မိချောင်းစောင်းကိုရှေ့တွင် ချပြီးအာရုံစူးစိုက်ကာ တီးခတ်နေသည်။အိမ်ရှေ့မင်းရဲ့တောင့်တင်းသန်မာသည့်လက်ချောင်းတွေက မိချောင်း‌စောင်းကြိုးပေါ် ဖြတ်ပြေးနေပြီး လေးနက်သည့်မျက်နှာထားကြောင့် ခံစားချက်ကိုနှစ်မြှုပ်ကာ တီးခတ်နေပုံပေါ်သည်။

ထွက်ပေါ်လာသည့်တေးသံ မဟုတ်ဘူး ဆူညံသံကြောင့်သာ မဟုတ်လျှင် အိမ်ရှေ့မင်းပုံစံက တကယ့်စောင်းသမားတစ်ယောက်လိုပင်။

"ဟား ဟား ဟား"

နန်းစောရှင် ရယ်သံကြောင့် အိမ်ရှေ့မင်းကမျက်ခုံးတစ်ဖက်ပင့်ကာ တစ်ချက်ကြည့်လာပြီး‌ အလျင်အမြန်ပင် မိချောင်းစောင်းထံ အကြည့်ပို့လိုက်သည်။အိမ်ရှေ့မင်းက မျက်လုံးမှိတ်ကာစောင်းသံကို အပြည့်အဝခံစားလိုက်သေးသည်။
နန်းစောရှင် အိမ်ရှေ့မင်းရှေ့ ဆောင့်ကြောင့်ထိုင်ကာ ရယ်မောရင်း ပြောလိုက်သည်။

"အိမ်ရှေ့မင်း ဘာလုပ်နေတာပါလဲ"

နန်းစောရှင်ရဲ့စကားသံလေးက ရယ်သံစွက်နေသောကြောင့် ဗညားသတိုး စောင်းကြိုးကိုခပ်ကြမ်းကြမ်းတီးကာ တေးသံကိုအဆုံးသတ်လိုက်သည်။

"အဟမ်း နန်းစောရှင်ပြုံးပြီ"

"ဘာကို"

"သင်္ကြန်ခါ‌ပြီးလေထဲက နန်းစောရှင် မပျော်မရွှင်ဖြစ်လေတာလေ အဲ့တာကိုယ်တော်စိတ်ပူလို့"

"အဲ့တာကြောင့် စောင်းတီးပြတာလား"

"ဟုတ်ပ"

နန်းစောရှင် အိမ်ရှေ့မင်းရဲ့အပြုအမူကြောင့် ရင်ထဲ ပျော်ရွှင်သွားမိသလို တစ်ချိန်ထဲမှာပင် ဝမ်းနည်းသွားမိသည်။နောက်သုံးနှစ်‌နေရင် သည်ရှေ့ကလူသားကို ထားသွားရမည်မဟုတ်ပါလား။

သူ့ကိုအဆုံးစွန်ထိ ချစ်မြတ်နိုးပေးသည့် သည်လူသားက သူ့ကြောင့်နာကျင်ရပေတော့မည်။

နန်းစောရှင် အတွေးများနေတုန်း အိမ်ရှေ့မင်းကနန်းစောရှင်ရဲ့နှာခေါင်းဖျားလေးကို လက်လေးနှင့်တို့သည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now