အပိုင်း - (၁၁)

Start from the beginning
                                    

ထို့နောက်မှာတော့ ခေတ်က ခေတ်ရဲ့ ငယ်ဘဝတစ်လျှောက် ဖြတ်သန်းခဲ့သော အိမ်လေးအား ကျောခိုင်းပစ်လိုက်လေတော့သည်။

ခေတ် ဘဝမှာ အိမ်လေးထက် မမကပိုပြီး အရေးပါနေပြီဖြစ်လို့လေ။

"မမ"

တက္ကစီကားမှန်အား ခေတ်က လက်ဖြင့်ခေါက်လည်းခေါက် နှုတ်ကနေလည်း မမနာမည်ကိုခေါ်သည်။ ခေတ်တို့မနေ့ညထဲကပင် စီစဉ်ထားတာကြောင့် မမက ခေတ်အား ခေတ်တို့လမ်းထိပ်၌ တက္ကစီဖြင့် လာစောင့်နေလေသည်။

ခေတ်ကိုမြင်တာနှင့် မမကကားတံခါးကိုဖွင့်ပေးလိုက်ကာ ကားပေါ်ကနေတော့မဆင်းခဲ့။ ညတုန်းက တိုင်ပင်ထားသလိုပင် ခေတ်ကိုယ်တိုင်မမကို ခေတ်တို့ရပ်ကွက်က တစ်စုံတစ်ယောက် မမြင်စေလို၍ မဆင်းခိုင်းခဲ့ခြင်းပင်။

"နောက်ကျသွားလားဟင်"

ကားထဲသို့ရောက်တာနှင့် အထုပ်တွေအား ကားနောက်ခန်းသို့ ထည့်သင့်တာထည့်ပြီး ခေတ်က မမလက်လေးအားကိုင်၍ မေးသည်။ မမက ခေတ်လက်တို့အား ပြန်လည်ဆုပ်ကိုင်ထားပြီး...

"ဟင့်အင်း နောက်မကျပါဘူး...နည်းနည်းတောင်စောနေမလားပဲ...ကားမထွက်ခင်တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်နေတာ မမကလေ"

မမပြောသလိုပင် ခေတ်တို့ ကားမထွက်ခင်အချိန်ထိ တစ်ခုခုဖြစ်မှာကိုပဲ ခေတ်ကိုယ်တိုင်လည်း စိုးရိမ်နေမိခဲ့တာ...။ မမရှေ့မှာတော့ ဘာမှ မဖြစ်သလိုပင် ဟန်ဆောင်လိုက်ကာ...

"ဘာမှ မဖြစ်လောက်ပါဘူးမမရယ်...ကားထွက်မှာက (၂)နာရီ အခုက (၁၂)ခွဲဆိုတော့ ခေတ်တို့ ဒီကနေ အဝေးပြေးဂိတ်ရောက်တာနဲ့ဆို ကွက်တိလောက်သွားကျမှာပါ...ဒါနဲ့ မသိင်္ဂီကိုရော ဖုန်းဆက်ထားလားဟင်"

"အွန်း ဆက်ထားတယ်...သူ့က မမတို့ရောက်ရင် သူ့အိမ်ကထွက်လာပြီး သူ့ကောင်လေးရွာကိုတန်းသွားမယ်တဲ့...သူ့အမေကိုတော့ မမနဲ့ခရီးခဏထွက်မယ်ပြောထားတယ် လို့ပြောတယ်"

"တော်သေးတယ်နော် မမ...ခေတ်တို့ကိစ္စကို ရန်ကုန်မှာလည်း မရတနာကူညီပြီး မန္တလေးမှာလည်း မသိင်္ဂီကူညီပေးလို့...ပြီးတော့ မမသူငယ်ချင်းတွေက ခေတ်တို့ကို သဘောတူပေးလို့လေ"

Te Amo Por Siempre (I Love You Forever)Where stories live. Discover now