အပိုင်း - (၅)

2.4K 301 2
                                    

(Zawgyi)

မျက်ဝန်းညိုတွေဟာ လိမ်ညာလို့ မရနိုင်ဆုံးသော နှလုံးသားရဲ့ ပြတင်းပေါက်ဆိုရင်...

အစ်မ မျက်ဝန်းတွေထဲကနေပဲ လက်မခံချင်ဆုံးသော အမှန်တရားအချို့ကို လက်ခံလိုက်ရတယ်...။

ဘယ်အရပ်မှာများ ပုန်းကွယ်ရမှန်း မသိလို့ ဟန်ဆောင်ခြင်းတံခါးကို ဖွဖွခေါက် အစ်မနှလုံးသားရပ်ဝန်းထဲ ခြေသံဖွဖွလျှောက်လို့ တိတ်တဆိတ် ပုန်းခိုရတာပါပဲ...။

နာကျင်မှုဟာ နှလုံးသားရပ်ဝန်းမှာတင် ဟန်ဆောင်ပန်ဆောင်နဲ့ အနောက်လှည့်ပြန်ရတယ်...။

လှလှပပ အနိုင်ယူခြင်းကိုတော့ အစ်မက တစ်ဖက်ကမ်းခတ် တတ်ကျွမ်းလွန်းသူပေါ့...။

--------

"အစ်မ နွားနို့သောက်တော့မလားဟင်"

ခေတ်က ပြောလည်းပြောရင်း မုန်ထုပ်ထည့်ထားသော အိတ်လေးကို လက်တန်းတွင် ပြောင်းချိတ်လိုက်သည်။ တစ်ဆက်တည်း နွားနို့ဗူးလေးကို ထိုင်ခုံမှာရှိသော ရေသန့်ဗူးထည့်သည့် အပေါက်လေးထဲသို့ ဝယ်လာသော နွားနို့ဗူးလေးကို တင်ထားလိုက်ပြီး သကြားထုပ်သေးသေးလေးကို ဖောက်ကာ နွားနို့ဗူးထဲ ထည့်လိုက်သည်။ ပြီးတော့မှ mixing stickလေးကို ဖောက်၍ သကြားတွေပျော်သည့်တိုင်အောင် မွှေလိုက်ပြန်သည်။

သကြားပျော်လောက်ပြီ ထင်သည့်အချိန်ရောက်မှ ဝယ်လာသည့် ချိစ့်ပေါင်မုန့်ကို အိတ်ထဲမှ ထုတ်ကာ အစ်မကို လှမ်းပေးလိုက်သည်။ နွားနို့ဗူးကိုတော့ ခေတ် လက်ထဲမှာပင် ကိုင်ထားဆဲ...

"အစ်မ..."

အစ်မက ခေတ် ကိုမကြည့်အား ရုပ်ရှင်ထဲ၌သာ အာရုံရောက်နေလေသည်။

"အစ်မ ကြည့်ရင်းစားလေနော်...ဗိုက်ဆာတယ်ဆို...ရော့ ပေါင်မုန့်စားနော်...နွားနို့က ခေတ် ကိုင်ထားတယ်...အစ်မ သောက်ချင်ရင် ယူသောက်နော်"

အစ်မ က ခေတ် လက်ထဲမှ ပေါင်မုန့်ကို ယူလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ခေတ်ဆီက နွားနို့ဗူးကိုပါ ယူလိုက်ကာ...

"ရပါတယ်...မကိုင်ထားနဲ့နော်...ကြည့်လေ ဒီကားကို မကြိုက်ဘူးလား"

Te Amo Por Siempre (I Love You Forever)Where stories live. Discover now