Extra Part (5) Uni/Zawgyi

Start from the beginning
                                    

"သမီးရောမစားဖူးလား "

မေတင်က မေးလိုက်တဲ့အခါ မွန်းက ဖရုံသီးလုံးထဲကနေတစ်ဇွန်းနှိုက်ကော်ပြီးမှ ပျို့ချင်သလိုဖြစ်လာရသည်။ အမှန်တော့ ဟင်းချက်ပြီးကတည်းကအနံ့ကိုမခံနိုင်တော့တာဖြစ်သည်။ ဇွန်းကိုပြန်ချလိုက်ပြီး ခေါင်းရမ်းလိုက်ကာ

"ကို့အတွက်က ပန်းကန်နဲ့ခွဲပြီးသားမို့ မေတင်တို့ပဲစားလိုက်ပါမွန်းမစားချင်တော့ဘူး"

ဟုပြော၍ အိမ်အပေါ်ထပ်သို့တက်သွားပါသည်။ အစကတည်းက သံသယဝင်နေသည်မို့ ဗီရိုထဲကဆီးစစ်တံကလေးကိုယူပြီး သန့်စင်ခန်းထဲသို့ဝင်သွားသည်။

*
*
*

အတ္တပြန်လာတော့ဒီနေ့သူမက သူ့ကိုလာမကြိုသောကြောင့် ဘာများဖြစ်လို့လဲဟု ဒေါ်မေတင်တို့အားမေးတော့ နေသိပ်မကောင်းဘူးထင်တယ်လို့ပြောတာနဲ့ ကပြာကယာနှင့်အခန်းထဲသို့ပြေးလာခဲ့သည်။

သူမက လက်ကလေးနောက်ပစ်ပြီးရွှင်မြူးစွာပြုံးနေလျှက်တံခါးရှေ့မှာရပ်နေသည်ဖြစ်ရာ
နေမကောင်းတဲ့ပုံစံမျိုးလုံးဝမဟုတ်ပါ။

"Baby ဒေါ်တင်ပြောတော့ နေမကောင်း...."

အတ္တမှာစကားတောင်ဆုံးအောင်မပြောလိုက်နိုင်ပဲ သူမပြတဲ့ကော်ချောင်းကလေးကိုမျက်မှောင်ကုပ်၍စိုက်ကြည့်နေသည်။

"အဟီး..ဟီး..ဟီး..."

သူမက ရယ်နေတော့ အတ္တမှာကော်ချောင်းပေါ်ကအထစ်ကလေးနှစ်ထစ်ကိုတစ်လှည့် မွန်းကိုတစ်လှည့်ရင်း

"Baby မင်း..."

မျက်လုံးများပြူးကျယ်စွာနှင့်မွန်းကိုတအံ့တသြကြည့်နေသော အတ္တအား လည်တိုင်သို့တွဲခိုဖက်သိုင်းလိုက်ပြီး

"အင်း..ဟုတ်တယ် မွန်း ကိုယ်ဝန်ရှိနေတာ"

"ဟာ...ကွာ...ဘာလို့ နေ့လည်ကတည်းကကိုယ့်ကိုဖုန်းမဆက်ရတာလဲ ကိုယ်စောစောပြန်လာမှာပေါ့ "

"ဒီတိုင်းပြန်လာမှ ပြောပြချင်လို့ပေါ့"

အတ္တသည် သူ့လက်ထဲကအိတ်ကိုအောက်သို့ပစ်ချပြီး မွန်းကိုပြန်ဖက်လိုက်သည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now