"အမောင့်နန်းစောရှင်ရဲ့စိတ်နှလုံးသားလေးက ကိုယ်တော်သွန်းလောင်းတဲ့မေတ္တာရေစင်ကြောင့် ထာဝရအေးမြပါစေသား"

အိမ်ရှေ့မင်းရဲ့မေတ္တာရေစင်က နန်းစောရှင်တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားပြီး နှလုံးသားလေးကို သိမ်မွေ့အောင်လှုံ့ဆော်လို့သွားသည်။နန်းစောရှင် အိမ်ရှေ့မင်းရဲ့ချစ်ခြင်းတရားအပြည့်ပါသည့်မျက်လုံးတွေကို ကြည့်ကာ ပြုံးယောင်သန်း သွားလေသည်။

နန်းစောရှင် အိမ်ရှေ့မင်းမျက်နှာက ပြောင်ရှင်းခံ့ညားနေတော့ အထူးအဆန်းဖြစ်ကာ။

"အိမ်ရှေ့မင်းရဲ့နှုတ်ခမ်းမွေးတွေ ဘယ်ရောက်သွားရော့သလဲ"

ဗညားသတိုး နန်းစောရှင်ရဲ့ပါးလေးကို ဖဲ့လိုက်သည်။

"ကိုယ်တော် ရိတ်သင်လိုက်တာ"

"ဘာလို့ပါလဲ အိမ်ရှေ့မင်း"

"အမောင်မွှေးကြူတော့ အမောင့်ချစ်ရသူလေးရဲ့ပါးပြင်နုနု နာကျင်မှာစိုးပေလို့ပေါ့"

နန်းစောရှင်ရဲ့ပါးပြင်လေးက ချက်ချင်းပင်နှင်းဆီသွေးလွှမ်းသွား၏။

"နှုတ်ခမ်းမွေးမရှိတော့ လူအများမလေးစားမခံ့ညားမှာ မစိုးပေရော့ဘူးလား"

"ဟိုအရင်တစ်ခါကိုယ်တော် နန်းစောရှင်ရဲ့ပါးပြင်လေးကိုခပ်ကြမ်းကြမ်းပွတ်မိလေတော့ နီရဲသွားတာကိုမြင်ရလေပြီး ကိုယ်တော်အိပ်မပျော်လေဘူး"

အိမ်ရှေ့မင်းရဲ့အသံက စိတ်မကောင်းဖြစ်မှုကို အသေအချာဖော်ပြနေသည်။နန်းစောရှင် ရယ်ချင်လာမိသည်။

"အိမ်ရှေ့မင်းရယ် ကျွန်တော်မျိုးကစစ်သည်တော်ယောကျာ်းရယ်ပါ အဲ့သည်လောက်မနုနယ်ပါဘူး"

"နုနယ်လိုမဟုတ်ပေဘူး ကိုယ်တော်ကနန်းစောရှင်ကို‌မြူမှုံလေးမျှတောင် မနာကျင်စေလိုတာပါ"

"အိမ်‌ရှေ့မင်း"

ဗညားသတိုးနှင့်နန်းစောရှင် ဆောင်ဓားကိုကိုယ်စီကိုင်လျက် ဟံသာဝတီမြို့ဘုရားစေတီတော်ထံ သွားသည်။အခါရက်ဖြစ်သောကြောင့် မြင်း၊မြင်းလှည်းနှင့်နွားလှည်း စီးသူများမရှိ။နန်းစောရှင် အိမ်ရှေ့မင်းဘေးမှ ကပ်လျက်လျှောက်ကာ လိုက်ပါလာသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now