" သင်္ကြန်ရောက်တော့မှာဆိုတော့ ရွာထဲအထည်သစ်လေးတွေလည်ရောင်းရင်းနဲ့ငရိုးနဲ့အရိပ်ကိုပါဝင်ရောင်းတာ "

မစောထွေးအဖြေကြောင့် ရိုးပျော်သွားမိ၏ သူတစ်ယောက်တည်းရွာထဲသွားလိုရပြီဖြစ်သည်။

" အရိပ် ကိုယ်သွားတော့မယ် "

" မြန်မြန်သွား မြန်မြန်ပြန်လာခဲ့ ထမင်းစားစောင့်နေမယ် အရက်ဝင်သောက်လာလို့ကတော့ အရိပ်အကြောင်း သိမယ်နော် ရိုး !"

" ကိုယ်မသောက်ပါဘူးဆိုကွာ !"

" ပြီးတာပဲ !"

" မစောထွေး သွားပြီနော် အရိပ်ကိုအထည်တွေဈေးတင်ရောင်းမနေနဲ့ဦး "

" အမလေးဟယ် , ငါ့အထည်တွေကတစ်ရာစားနှစ်ရာစားလေးတွေပဲရောင်းတာပါတော် "

" ဟား,ဟား , စတာပါ‌ဗျာ အရိပ်ကိုယ်သွားပြီနော် "

ရိုးတစ်ယောက်မစောထွေးကိုစနောက်ပြီး ရွာထဲထွက်သွားမှအရိပ်လည်းအဝတ်ထုပ်ကိုဖြေကြည့်လိုက်၍။

" ဘာတွေပါလဲ ပြပါဦးဗျ "

" ပုဆိုးရှပ်လက်တိုအကွက်‌တွေအရောင်စုံပါတယ် ဒါနဲ့ငရိုးကရွာထဲဘာသွားလုပ်တာလဲ "

မစောထွေးအမေးစကားကြောင့် အရိပ်လည်း အထည်တွေကြည်ရင်းပြန်ဖြေလိုက်သည်။

" ဟိုဘက်မိဘ ဒီဘက်မိဘတွေလက်ဖွဲ့ပေးထားကြတဲ့လယ်တွေလေ အရင်အဖေတို့တုန်းကရွာထဲကလူတွေကိုငှားစားကြတာ ရိုးနဲ့ကျွန်တော်ကတော့ သူများကိုမငှားတော့ပဲ လယ်တွေကိုကိုယ်တိုင်လုပ်ကြည့်မယ်ဆိုပြီးနှမ်းနဲ့မြေပဲတွေစိုက်ထားတာ အခုပေါင်းများနေလို့ ပန်းဝါတို့ကိုသွားပြောတာနှုတ်ဖို့ "

" အလိုလေးနွေလရိပ်တို့များစီးပွားရေးသောင်းကျန်းချက်တော် "

" သောင်းကျန်းရမယ်လေ အခုကရိုးနဲ့ကျွန်တော် နှစ်ယောက်တည်းမဟုတ်တော့ဘူး နောက်ထပ်စားပေါက်တစ်ခုကမကြာခင်တိုးလာတော့မှာ "

" အေး , အခုငါ့မြို့မှာကြားခဲ့တာနှမ်းဈေးကောင်းတယ်တဲ့ "

" ကျွန်တော်တို့သိမ်းပြီးရောင်းတဲ့အချိန်နှမ်းဈေးကောင်းနဲ့တွေ့ရင်တော့ ကံကောင်းတာပေါ့ မဟုတ်ရင်တော့မလွယ်ဘူး အခုတောင်အရင်းနှီးရယ်စိုက်တုန်းကလဲ လူငှားရတယ် အခုလဲပေါင်းနှုတ်ငှားရတယ် တော်တော်ကုန်နေပြီ ကိုယ်တိုင်လုပ်မယ်ဆိုတော့လည်း ရိုးကအင်းတစ်ဖက်နဲ့မလုပ်နိုင်ဘူး ကျွန်တော်လည်းဗိုက်နဲ့ "

( သူကြီးသမက် )  CompletedWhere stories live. Discover now