Extra Part (3) Uni/Zawgyi

Beginne am Anfang
                                    

မွန်းသည် သူမဆီသို့ရောက်လာတဲ့ အတ္တအားဂုတ်ကနေဖက်တွယ်ထားလိုက်၍

"ရေမချိုးသေးပါဘူးဆိုနေ "

အတ္တ သူမ လေးနေမည်စိုး၍ ဘယ်ဘက်သို့တစ်ချက်လှိမ့်လိုက်ပြီး သူမဘေးမှာပက်လက်အနေအထားနှင့်ပြန်လှဲလိုက်သည်။

"ကိုယ်က နေလို့ကောင်းအောင်ပြောတာပါ Baby မချိုးချင်သေးဘူးဆိုလည်း သဘောပါ ကမ်းခြေကိုတော့ ဒီနေ့မသွားနိုင်လောက်သေးဘူးထင်တယ် Baby ဒီပုံစံနဲ့ရေထဲမှာမကဲနိုင်လောက်ဘူး "

ဟုသူမဘက်သို့ခေါင်းလှည့်ပြီးပြောလိုက်သည်။

"အင်း...မနက်ဖြန်မှကစားကြတာပေါ့ ညနေမှရေချိုးတော့မယ် "

"ကိုယ်နှိုးလိုက်မယ် အိပ် အိပ်...ညကျရင်ကမ်းခြေမှာ ပါတီရှိတယ်ကြားတယ် ကိုယ်ရေချိုးလိုက်ဦးမယ်နော်"

မွန်းကခေါင်းညိတ်လိုက်ပြီး ကွေးကွေးကလေးအိပ်နေတော့သည်။

*
*
*

အချိန်အားဖြင့် ညနေ၅နာရီကျော်နေပြီဖြစ်တဲ့အတွက် အတ္တလည်း အခန်းထဲသို့ပြန်ဝင်လာရင်း မွန်းကိုနှိုးလိုက်သည်။

"Baby...Baby...ထတော့"

သူမရဲ့ပုခုံးကလေးကိုလှုပ်ပြီးနှိုးလိုက်ရင်း အိပ်နိုင်လိုက်တဲ့ကောင်မလေးဟု စိတ်ထဲမှတွေးလိုက်မိသည်။

"အင်း...."

သူမက မျက်လုံးကလေးဖွင့်ပြီး ငြီးငြူးရင်းနဲ့ ဝှါးခနဲတစ်ချက်သမ်းလိုက်၏။

"ထတော့..၅နာရီတောင်ကျော်နေပြီ ဆက်အိပ်ရင်ဖျားလိမ့်မယ်"

ဟုဆိုကာ သူမရဲ့ခန္ဓာကိုယ်ကလေးအား အသာလေးပွေ့ထူလိုက်သည်။

"အင်း..ခေါင်းတောင်နည်းနည်းမူးသွားတယ် အိပ်တာကြာသွားလို့လားမသိဘူး"

မွန်းက နားထင်နှစ်ဖက်ကိုဖိပြီးထိုကဲ့သို့ပြောလိုက်တော့ အတ္တက အခန်းထဲကနေတစ်ခါအပြင်ပြန်ထွက်သွားပြီး စက္ကန့်၂၀လောက်နေတော့ ရေတစ်ဖန်ခွက်နှင့်အတူပြန်ရောက်လာသည်။

"ရေဝအောင်သောက်လိုက် "

ဆိုပြီး မွန်းလက်ထဲသို့ရေဖန်ခွက်ထည့်ပေးလိုက်သည်။ မွန်းသည် အတ္တရဲ့စကားကိုနားထောင်ပြီး ရေတစ်ခွက်လုံးကုန်အောင်သောက်ပစ်လိုက်သည်။ အတ္တက သူမဆီကရေခွက်ကိုပြန်ယူပြီးမွေ့ယာဘေးကစားပွဲပေါ်မှာတင်လိုက်ကာ

အတ္တလွန်အချစ် (OC) CompletedWo Geschichten leben. Entdecke jetzt