Extra Part (3) Uni/Zawgyi

Start from the beginning
                                    

"မရယ်နဲ့...လန့်သွားတာပဲ အရှိန်လွန်ပြီးပြုတ်ကျရင် မွန်းခါးကျိုးမှာ"

"ဘာလို့ပြုတ်ကျရမှာလဲ ကိုယ်ကဖမ်းပေးမှာပေါ့"

ဟုအတ္တက ပြုံးစိစိနှင့်ပြန်ဖြေပြီး သူမရဲ့အနောက်မှ အခန်းတံခါးကိုလှမ်းဖွင့်လိုက်သည်။ မွန်းကအနောက်လှည့်ကြည့်လိုက်တဲ့အခါ ဒါဟာ အိပ်ခန်းဖြစ်သည်။ မွေ့ယာအထူကြီးပေါ်မှာ အဖြူရောင်အိပ်ယာခင်းနှင့်စောင်တွေကိုဝမ်းဆက်ထားရှိထားပြီး အိပ်ခန်းဟာလည်းအတော်လေးကျယ်ပါသည်။ ဘယ်ဘက်အခြမ်းမှာ ရေချိုးနှင့်Toliet ကိုထားရှိပေးသည်။

မွန်းက လက်ဂေ့ချ်ပေါ်မှ ထပြီး အခန်းထဲသို့ဝင်သွား၍ မွေ့ယာကြီးအိကျသွားအောင်ပစ်လှဲလိုက်ပါသည်။ အတ္တကတော့ လက်ဂေ့ချ်နှစ်ခုလုံးကိုအထဲသို့ယူလာပြီး မှန်တင်ခုံရဲ့ရှေ့မှာထားလိုက်ပြီး သူဝတ်ထားသည့်ရှပ်အင်္ကျီအပြာအစင်းမှကြယ်သီးအချို့ကိုအသက်ရှူချောင်အောင်ဖြုတ်ထားလိုက်သည်။

"အား...အခုမှပဲသက်တောင့်သက်သာရှိတော့တယ်"

မွန်းသည် မွေ့ယာပေါ်မှာခြေပစ်လက်ပစ် ပက်လက်လှဲနေလျှက် ခါးပတ်ဖြုတ်နေသော မှန်တင်ခုံရှေ့မှအတ္တကိုလှမ်းကြည့်နေသည်။
အတ္တသည်ခါးကိုလည်းအနေချောင်အောင်ခါးပတ်ကိုဖြုတ်ပြီး ကုတင်ခြေရင်းသို့ပစ်တင်လိုက်သည်။

သူ့ကိုလှမ်းကြည့်နေသည့်ချစ်ဇနီးလေးသည် ဂျင်းပန်အပြာလေးနှင့်လက်ဖောင်းခရော့တော့ပ်အဖြူကလေးကိုဝတ်ထားသည်ဖြစ်သည်။

"Baby ဘောင်းဘီကမကြပ်ဘူးလား အဝတ်အရင်လဲပါလား"

ထိုအခါ မွန်းကခေါင်းရမ်းသည်။

"မလဲချင်သေးဘူး ခဏအိပ်ချင်တယ်"

အတ္တသည် မွေ့ယာဘေးအနားသို့ကပ်လာပြီး

"ရေအရင်ချိုးပါလား Babyရဲ့ ခရီးပမ်းရင်ရေချိုးမှလန်းသွားတာ "

မွန်းက နောက်တစ်ခေါက်ထပ်ပြီးခေါင်းရမ်းသည်။

"လာ..ထ..ကိုယ် ရေအေးအေးလေးဖြည့်ပေးထားမယ် အတူတူချိုးမလား ထ..ကိုယ်ဆွဲထူမယ်"

အတ္တ သူမဆီသို့လက်နှစ်ဖက်ကမ်းပေးတဲ့အခါ
သူမကအတ္တရဲ့လက်တွေဆီသို့ သူမလက်များအပ်နှံလိုက်ပြီး အတ္တဆွဲမထူရသေးခင် သူမဘက်ကအရင်ဆွဲချလိုက်သဖြင့်
အတ္တတစ်ယောက် အငိုက်မိသွားကာ သူမအပေါ်သို့သူ့ခန္ဓာကိုယ်ကြီးမှောက်ကျသွားရသည်။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now