သူ့ရင်ထဲကအချစ်တွေကိုတော့ ထာဝရမြို
သိပ်ရင်းအဖြည့်ခံ အချစ်နဲ့ဖေးမကူညီကာ
အဝေးကချစ်နေပါရစေ....။

🌹🌹🌹🌹🌹🌹

ဒီကိုရောက်တဲ့ သုံးရက်လုံးမှာ ခတ်ကို Barက
ဧည့်သည်တွေနဲ့မိတ်ဆက်ရင်း ရင်းနှီးအောင်
နေခိုင်းက လူကြိုက်များလားဆိုတဲ့သဘော
မျိုးစမ်းသပ်ကြလေသည်....။

အရင်တုန်းကမျိုးဆို ခတ်ငြင်းပယ်မိသလို
စိတ်ကူးထဲတွေးဖို့ဝေးလာဝေး..ဒီနေရာမျိုးကို
ပင်ခြေချဖို့ဝေးလေစွ...။သို့ပေမဲ့ သာမာန်ပုံစံ
လိုဖြစ်နေတဲ့ ဒီလိုနေရာမျိုးအတွက် ခတ်အ
ထူးအဆန်းသဘောမျိုးသဘောမထားချင်
တော့...။

ကံကောင်းတာလားကံဆိုးတာလားပင်မသိ
ထိုသုံးရက်လုံးမှာ ခတ်ကိုတွေ့သူတိုင်းကစွဲ
လန်းကြတာချည်း...အရင်ကထိုသူတွေရဲ့ပါး
စပ်ဖျားမှာ ယူကီဆိုတဲ့နာမည်က အခုတော့
ခတ်ရဲ့နာမည်ကအစားထိုးကာ ရေပန်းစား
နေလေသည်...။

ခတ်လို့ပင်လူသိထားတာကြောင့်နာမည်အရင်းကိုပြောပြစရာပင်မလိုချေ...ဒီလိုနေရာမျိုး
ကလည်းအစစ်အမှန်မရှိလေကောင်းလေဘဲ
မလား...ဧည့်သည်တွေကိုဧည့်ခံခိုင်းတဲ့သဘောလောက်ဘဲမို့ ခတ်အတွက်အဆင်ပြေရ
လေသည်...နောက်ပိုင်းတွင်တော့ခတ်မပြော
တတ်တော့...ထိုသို့အလျင်အမြန်ရေပန်းစား
လာခြင်းကြောင့် ယူကီဆိုသူကလည်းသူကို
မျက်စောင်းတခဲခဲ သူကိုအားကျပြီး စိတ်ဓာတ်ကျနေတဲ့ Linnကိုလည်းသူကယ်
တင်ချင်မိလေသည်...။

သူ့ကိုတွေ့ချင်သည့်ဧည့်သည်တွေကများပြား
တာကြောင့် လူချမ်းသာတွေကိုဘဲ စကားပြော
ရင်း မိတ်ဆက်ဧည့်ခံရလေသည်...ဒါတောင်
သူတို့ကအသားယူချင်သည်မို့ ခတ်မှာရှောင်
လွှဲနေရတာကြောင့်ပင်ပန်းလှလေသည်..။

ဒီနေ့ကအရေးကြီးပွဲရှိတာကြောင့် အဆောင်
ကရောင်းတဲ့စာရင်းထဲပါတဲ့သူတွေက တကြွပ်
ကြွပ်ဖြင့်ဆူညံလျက်...သို့ပေမဲ့သူတို့မျက်နှာ
တွေကပြုံးပျော်နေလေသည်...ထိုလူရောင်း
ပွဲမှာ ရောင်းခံရခြင်းကပင် ဒီကလွတ်မြောက်
ဖို့လမ်းတစ်ခုပေမို့ သူတို့အတွက်တော့ ကောက်ရိုးတစ်မျှင်ပင်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now