01.

2.6K 159 26
                                    

အနမ်းပွင့်၏ ရင်ခုန်သံ

(အထက်တန်းကျောင်းသားလေး Jung Hoseok)*

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(အထက်တန်းကျောင်းသားလေး Jung Hoseok)
*

**

ဒယ်ဂူမြို့ရဲ့ အထက်တန်းကျောင်းလေးတခုတွင် ,

"Hoseok အ့တာ ဆိုငါတို့ပြန်နှင့်ပြီနော်"

တံမြက်စည်းတွေ ဂေါ်ပြားတွေနဲ့ အမှိုက်ပုံးတွေကိုသယ်ကာ အတန်းထဲသွားထားပြီးနောက် လွယ်အိတ်တွေယူကာ အပြင်ပြန်ထွက်လာကြတဲ့ ကျောင်းသားသုံးယောက်။ ထ်ိုသုံးယောက်အနက်မှ တယောက်က သစ်ရွက်ခြောက်တွေကို မီးရှို့နေတဲ့ Jung Hoseok ဆိုတဲ့ကောင်လေးအား လှမ်းပြောလိုက်သည် ။

"အေး ငါဒါတွေမီးငြိမ်းပြီးမှပြန်လိုက်မယ် ... မင်းတို့ပြန်နှင့်ကြ အခန်းတံခါးတွေတော့ သေချာပိတ်ခဲ့တယ်မလား "

"အေး ပိတ်ခဲ့တယ် ... ဒီမှာ မင်းလွယ်အိတ် ငါတို့ပြန်ပြီ"

Hoseok လည်း ခေါင်းငြိမ့်ကာ လှမ်းပေးနေတဲ့ သူ့လွယ်အိတ်ကို ယူ၍ လွယ်ထားလိုက်သည်။

ဒီနေ့က သူအသင်းကျတဲ့ရက်မလို့ ဆရာမခိုင်းတဲ့အတိုင်း သူတို့အတန်းရှေ့က သစ်ရွက်ခြောက်တွေကို လှည်းကျင်းကာ စုပုံမီးရှို့နေခြင်း ဖြစ်သည်။ ပြီးခါနီးပြီမလို့ သူ့အသင်းဖော်တွေက ပြန်ဖို့ပြောကြခြင်းဖြစ်ပြီး အသင်းခေါင်းဆောင် သူကတော့ ဒီမီးပုံကို ငြိမ်းရန် ကျန်နေခဲ့လိုက်သည် ။

ကျောင်းနဲ့အိမ်ကလဲ နီးတဲ့အတွက် သူ့အတွက်ကကိစ္စမရှိ ..။

တဖြည်းဖြည်းလောင်မြိုက်ကာ ပြာအဖြစ်ပြောင်းလဲနေတဲ့ သစ်ရွက်တွေကို မီးသေအောင်စောင့်ရင်း မီးပုံနဲ့ မလှမ်းမကမ်းက သစ်ပင်လေးအောက်မှာ သူစာထိုင်ဖတ်နေလိုက်သည် ။

Heartbeat Of Kiss (Completed)Where stories live. Discover now