ကျောင်းကစ တဲ့ ရန်စ ဟာ ကျောင်းပြီးလို့ သုံးနှစ်ကြာတဲ့ထိအောင်မပြီးနိုင်သေး။

Leo က ရည်းစားမရှုပ်ပေမယ့် တွဲဖြစ်ရင်လည်း တစ်ယောက် ကို 24 နာရီထက်ပိုမတွဲ ။

" ကြီးမြတ်ကုဋေချီ "

Cycle သိမ်းနေတုန်း ပါပါး အော်သံကြောင့် Leo Helmet ကို မချွတ်သေးဘဲ အိမ်ထဲတန်းဝင်လာလိုက်တယ်။

" Helmet မချွတ်တဲ့ အကြောင်းရင်းက မင်းမျက်နှာက ဒဏ်ရာတွေ မြင်မှာစိုးလို့ မလား ကြီးမြတ်ကုဋေချီ "

" ပါပါး မအိပ်သေးဘူး လား "

" စကားလမ်းကြောင်း မလွဲနဲ့ Leo "

Sofa bed ပေါ်မှာ Leo ဝင်လှဲလိုက်တော့ ပါပါးက Helmet လာချွတ်ပေးသည်။

" John နဲ့ပဲလား Leo "

Leo ခေါင်းသာငြိမ့်ပြလိုက်သည်။

" မနက်ဖြန် မနက်ထွက်မဲ့  Flight နဲ့ Myanmar ကို သွားရမယ် Leo "

" ပါပါး "

" Stop   !!! Leo မင်း Daddy ကိုယ်တိုင် ဆုံးဖြတ်တာ "

" ကျွန်တော် မသွားချင်ဘူး ပါပါး "

" မင်း ဖွားဖွားကြီး ထားခဲ့တဲ့ သေတ္တာ ကို ဖွင့်
ကြည့်ရဦးမယ်လေ Leo "

"18 နှစ်မှ မပြည့်သေးတာ ပါပါး "

18 နှစ်မပြည့်သေးလို့ပဲ ဆိုးလိုက်တာမှ ယဥ်နှောင်းလက်ပံ သား ငယ်ငယ်တုန်းက လိမ္မာမယ် ထင်ခဲ့သမျှ ကျောင်းပို့မှတက်တက်စင်အောင်လွဲတော့သည်။

ပထမဆုံး ကျောင်းပို့တဲ့နေ့မှာပင် ရန်ဖြစ်ပြီး တခြားကလေးတစ်ယောက်ခေါင်းကို ကွန်ပါဘူးနဲ့ပိတ်ရိုက်ခဲ့သည်တဲ့။

ကျောင်းတက်နေစဥ်ကာ လတစ်လျှောက်လုံး Leo နဲ့ ရန်ပွဲက အမြဲတတွဲတွဲပင်။

ဒါတောင် အထက်တန်းကို All D နဲ့ အောင်ခဲ့လို့ တော်သေးတယ် သားက ဥာဏ်ကောင်းတာတော့ သူနဲ့တူတာ။

ထစ်ခနဲဆို ဒေါသကြီးပြီး စိတ်ဆတ်တာက ကြီးမြတ်ပိုင်ချီ စရိုက်တွေကိုအမွေရထားသည်ဟုဆိုရမည်။

" 1 လ လောက်ပဲ လိုတော့တာကိုထည့်ပြောဦး  Leo "

" မသွားလို့ မရဘူးလား ပါပါး "

Baby of the billionaireWhere stories live. Discover now