" အရိပ်စားရရင် ရိုးဝသလိုပဲ ပြောရမှာလေ ဘာလဲ ငက်သလိုပဲလဲ !"

" ပြွတ် "

" အင့် , ရိုး ဒီမှာဆီတွေနဲ့အစားစားနေတာကို !"

အရိပ်နှုတ်ခမ်းလေးကိုအမှတ်တမဲ့တစ်ချက်နမ်းလာတဲ့ရိုးကြောင့် အရိပ်မကျေနပ်သလိုနှုတ်ခမ်းစူကာပြောလိုက်တော့ ရိုးကမီးဖိုပေါ်ကပုစွန်ကြော်နေတဲ့အိုးကိုနံဘေးကမြေပြင်ပေါ်ချလိုက်၍ မီးထဲကိုထင်းနှစ်ချောင်းထပ်ထည့်ကာဘေးကအသင့်ပြင်ထားတဲ့ထမင်းအိုးကိုတင်လိုက်သည်။

အခုဆိုအိမ်မှာထမင်းဟင်းချက်ကိုလည်း အရိပ်မလုပ်ရ ရိုးချက်ရင်ချက် ရိုးမအားရင်ဦးလေးချက်သည်။

အရိပ်ကတော့ ဘာမှမလုပ်ရသလို စားချင်တာမှန်သမျှရိုးကိုအကုန်ပူဆာ၏ ရိုးသည်လည်းအရိပ်ဘာစားချင်တယ်ပြောလိုက်တာနဲ့ချက်ချင်းဝယ်ချက်ကျွေးသည်။

ကိုယ်ဝန်စရှိကာကတည်းကအစားသောက်ပျက်ထားသမျှ အရိပ်ဆိုသည်မှာ အခုတော့ ပါးစပ်ကတစ်ခုစားနေရင်နောက်တစ်ခုဘာစားရမလဲဆိုတာကိုစဉ်းစားနေမိတဲ့အထိ အစားအသောက်သောင်းကြမ်းနေမိသည်။

သေချာတာတော့ အရိပ်ဗိုက်ထဲကကလေးလေးသည်။ မွေးလာရင်အစားအသောက်မက်သူလေးဖြစ်မှာသေချာသည်။

" ရိုး "

" ပြောပါ, ဗျာ , ဘာစားချင်ပြန်ပြီလဲ "

" ရိုးနော် !"

အရိပ်ကပုစွန်စားနေရင်းနဲ့မုန့်လုံးလေးစားချင်လာတာကြောင့် ရိုးကိုခေါ်လိုက်တော့ ရိုးကအရိပ်မုန့်ပူဆာတော့မယ်ဆိုတာကိုကြိုသိနေကာစလာ၏ အရိပ်ရှက်သွားကာအော်ပစ်လိုက်တော့ အရိပ်အအော်ခံရတာကိုစိတ်မဆိုးပဲရယ်နေသည်။

" ဘာလို့အော်တာလဲ ကိုယ့်ကဘာစားချင်လို့လဲမေးတာကို "

ထင်းမီးတောက်မလာလို့ ထင်းချောင်းတွေအနည်းငယ်ပြင်ထိုးကာဝါးလုံးမီးမှုတ်ပြောင်းလေးနဲ့မီးတောက်အောင်မှုတ်လိုက်ပြီး ရိုးအရိပ်ကိုထပ်မေးလိုက်သည်။

" ပြော ကိုယ့်ဘာသွားဝယ်ပေးရမလဲ "

" မုန့်လုံးလေး စားချင်တယ် ထန်းညက်ရည်များများနဲ့ "

( သူကြီးသမက် )  CompletedWhere stories live. Discover now