"မင်းက မာနကြီးတယ်ပေါ့ လူကိုမထိသလို
ထိသလိုနဲ့ အရှိုက်ထိအောင်ပြောတတ်သားဘဲ
ဒါပေမဲ့အဲ့ဒီမာနတွေက ဒီနေရာမှာ မင်းခြေ
ထောက်ကိုစီးတဲ့ဖိနပ်အောက်ကသဲမှုန်လောက်တောင်တန်ဖိုးမရှိဘူးဆိုတာဘဲ...အချိန်တန်
ရင် မင်းကယောကျ်ားတကာရဲ့ရင်ခွင်အောက်
မှာအော်ညည်းနေရလိမ့်မယ်..."

ခတ်နဲ့ယူကီစကားပြောနေကြသည့် မြင်ကွင်း
ကို ကျန်လူများက ပွဲကြီးပွဲကောင်းသဖွယ်
စောင့်ကြည့်နေကြလေသည်...။

"အဲ့ဒါဆို...သင်ပေးနိင်မလား..."

စူးစူးစိုက်စိုက်ဖြင့် မေးငေါ့ကာမေးလာသည်​့
ခတ်ရဲ့စကား ကြောင့် ယူကီတစ်ယောက်နား
မလည်နိင်ခဲ့...။

"ဘာ...ဘာကိုလဲ.."

"မင်းကငါ့ထက်ယောကျ်ားတကာရဲ့အောက်
မှာအော်ညည်းခဲ့ရတာမလား...လုပ်ပါဦးအ
တွေ့အကြုံလေးတွေမျှပါလား...ဘယ်လိုလဲ
ခံလို့ကောင်းလား...စီနီယာကြီး..."

"တောက်...မင်း..မင်းဘာစကားပြောတာလဲ
မင်းလိုပမွှားအဆင့်လောက်က ငါ့ကိုပြန်ပြော
နေစရာကိုမလိုတာ...ရှင်းလား..."

"အဲ့လောက်ကြီးကျယ်မြင့်မြတ်နေရင်လည်း
နန်းတော်လိုနေရာမျိုးမှာသွားနေလေ...ဘာလို့.ဒီနေရာမှာဖာခံစားနေလဲ...ပြီးတော့မင်းပြော
ချင်တာစောက်ရေးမပါတာတွေဆိုလစ်လိုက်
တော့...အာရုံကိုနောက်တယ်..."

ဂရုမစိုက်သလိုပုံမျိုးဖြင့် တံခါးကိုဆောင့်ပိတ်
ပြီးအခန်းထဲ ပြန်ဝင်သွားသောခတ်ကြောင့်
ဒေါသတစောင်းစောင်းဖြင့် ကျိတ်မနိင်ခဲမရ
ဖြစ်ကျန်ခဲ့လေသည်...။

ဘေးကစောင့်ကြည့်နေတဲ့ လူတွေကတော့
ယူကီလိုလူမျိုးကို ပြန်ပြောရဲတဲ့ခတ်ကို ချီး
ကျူးကြသလို ဖြစ်ကျန်ခဲ့သည့်ယူကီကိုလည်း
လှောင်ပြုံးပြုံးနေကြလေသည်...။

"ကိုကိုရယ်....အခုကဘယ်သွားမလို့လဲ...
သွန်းအနားနေပေးပါလား...ကိုကိုအနားရှိရင်
သွန်းလေအရမ်းအားရှိတာဘဲ..."

"အလုပ်ကိစ္စအရေးကြီးလို့သွားရတာမို့ပါ...
ပြန်လာရင်တော့အဖော်ပြုပေးနိင်မှာပါ..."

စာကြည့်ခန်းကအလုပ်စားပွဲပေါ်ကစာရင်း
တွေကိုစစ်ရင်း ဝတ်ကျေတန်းကျေသာပြော
လိုက်လေသည်....သွန်းနဒီကို အရင်လိုမဆက်
ဆံတော့ပေမဲ့ တရင်းတနှီးနေတာမျိုးလည်း
မဟုတ်...သူစိတ်ထဲမှာ သွန်းနဒီကိုခပ်တန်း
တန်းသာနေချင်မိလေသည်...။

ကကြိုးရုပ်[ Complete ]Where stories live. Discover now