Starts With Hot Chocolate

5.1K 336 52
                                    

- UNICODE -


" ဟိုတစ်ယောက်က နေမကောင်းဘူးလား။ ထူးထူးဆန်းဆန်း ငြိမ်နေပါလို့လား။ "

" ပထမက နေလို့ကောင်းတယ်။ မမြင်ချင်တဲ့ မျက်နှာကို မြင်လိုက်ရတော့ နေမကောင်းချင်တော့သလိုပဲ။ အသံပါ ကြားလိုက်ရတော့ ပိုဆိုးသွားပြီ။ "

" ဂျောင်ဝန်းနား "

ဂျောင်ဝန်းရဲ့ခပ်ထေ့ထေ့စကားကို ဂျယ်ယွန်းဟျောင်းက ဝင်တားသည်။ ဂျောင်ဝန်းက မကြားချင်ဟန်ဆောင်ပြီး လက်ထဲက ဖုန်းကိုဖွင့်ကာ ကြည့်နေလိုက်သည်။ အပြောခံလိုက်ရတဲ့တစ်ယောက်ကလည်း မမှုပါ။ သူတို့နှစ်ယောက်ရဲ့သည်လိုအခြေအနေက ဒါပထမဆုံးမှ မဟုတ်ပေဘဲ။ နှစ်ယောက်စလုံးက အခွင့်သင့်တာနဲ့သင့်သလို စကားများတတ်ကြတာမလို့ ကြားထဲက လူတွေပဲ ခဏခဏဆိုသလို ဝင်တားကြရစမြဲ။

ဟိုဘက်ကလည်း အကောင်းမေးတာ၊ စိတ်ပူလို့ မေးတာ မဟုတ်ဘူးဆိုတာ ဂျောင်ဝန်းသိသည်။ သူ့ဘာသာအေးဆေးနေရင်တောင်မှ လိုက်ပြီး စိတ်ဒုက္ခပေးနေတတ်တာမဟုတ်လား။ အဲ့တာကြောင့်လည်း ပြောချင်သလိုပြောချလိုက်တဲ့ သူ့ဘက်က လွန်တယ်လို့မထင်ပါ။

" နီခီက ဘယ်တော့လာမှာလဲ။ နောက်ကျမယ်ဆိုလည်း ကျွန်တော်ပြန်နှင့်တော့မယ်။ တခြားသူတွေလိုမျိုး အချိန်ဖြုန်းဖို့အတွက် ကျွန်တော့်မှာ အချိန်လုံလုံလောက်လောက် မရှိဘူးလေ။ သိတယ်မလား ကုမ္ပဏီကို ဦးစီးနေရတဲ့သူဆိုတော့။ "

" ဟက် ! "

သူ့စကားဆုံးတော့ ဂျောင်ဝန်းဆီက ခနဲ့ရယ်သံက ချက်ချင်းထွက်လာရော။ သူ့မျက်စောင်းကလည်း ရယ်နေတဲ့သူဆီ ဒိုင်းခနဲ။ ဂျယ်ယွန်းကတော့ သည်အခြေအနေကြီးကို အတော်လေး စိတ်ပျက်နေမိပြီ။ အမြဲနောက်ကျတတ်တဲ့ နီရှီမူရာတစ်ယောက် သည်ကို မြန်မြန်ရောက်လာပါစေတော့လို့သာ ဆုတောင်းနေမိတော့သည်။

" ဖအေပိုင်တဲ့ကုမ္ပဏီမှာ ဒုမန်နေးဂျင်း ဝင်လုပ်နေတဲ့ကောင်ကများ ရယ်ရဲသေးတယ်။ "

" မင်းကိုယ်တိုင်လည်း မင်းအမေရဲ့ကုမ္ပဏီမှာ လုပ်နေတာပဲမဟုတ်လား။ အတူတူချင်း လာကိုက်မနေနဲ့။ ငါ မကိုက်တတ်ဘူး။ "

𝖬𝖾𝗌𝗌𝗒 𝖢𝗁𝖺𝗉𝗍𝖾𝗋𝗌;𝖯𝖺𝖼𝗄𝖾𝖽 𝖶𝗂𝗍𝗁 𝖫𝗈𝗏𝖾𝗌 @𝗝𝗮𝘆𝘄𝗼𝗻Where stories live. Discover now