youth{final}

923 135 32
                                    

မဟုတ်တော့ဘူး..နည်းနည်းလေးမှမဟုတ်တော့ဘူး...။ဒီတစ်ညပြန်မလာတော့ဘူးပြောသွားတဲ့ JeonJungkookက ပြန်မလာတာ တစ်ပတ်ကျော်နေပြီ...။ဒီကြားထဲလဲမတွေ့ဖြစ်သလို တမင်ရှောင်နေတာက အသိသာကြီး...။ပွဲစဥ်တွေရှိလို့မအားတာကိုနားလည်ပေမယ့် ဘာလို့အိမ်ပြန်မလာလဲဆိုတာကိုတော့ ဖုန်းလေးဆက်ပြီး အကြောင်းကြားသင့်တယ်မလား...။

နေ့လည်တိုင်းရောက်လာနေကျ နွားနို့ဘူးလေးရောက်မလာတော့ Jung Hoseokတစ်ယောက်ကျောင်းကန်တင်းထဲက နွားနို့ဝယ်သောက်နေရပြီ...။ဒီတံဆိပ် ဒီနို့ဘူးပဲဝယ်နေပေမယ့် မတူဘူးးး။အရသာမရှိဘူးးး။

အိမ်ကရေခဲသေတ္တာထဲမှာလည်းနွားနို့ဘူးတွေတဖြည်းဖြည်းကုန်လာတာနဲ့အမျှရေခဲသေတ္တာလည်းဗလာကျင်းနေပြီ...။ဒါပေမယ့် Jung Hoseokက ဝယ်မဖြည့်ဘူး...သူဝယ်တာတွေအရသာမရှိလို့...။

ယောင်လည်လည်ဖြစ်နေတဲ့Hoseokက အတန်းတွေလည်မတက်ချင်တာမို့ အိမ်မှာပဲရှိနေတယ်...။စာထဲလဲစိတ်မပါတဲ့ Hoseokက ရည်းစားပူမိနေသလို တငူငူတငိုင်ငိုင်နဲ့ပေ...။အခုလည်း ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေတာများ ရုပ်ပျက်ဆင်းပျက်...အရိုးမရှိတဲ့သတ္တဝါလိုမျိုးခွေခေါက်ပြီးတော့ကိုထိုင်နေတာဖြစ်သည်...။

တီးတောင်.....

" JK? "

အိမ်ရှေ့ဘဲလ်တီးသံမည်လာတာကြောင့် Hoseokရုတ်တရက်ရေရွတ်မိတယ်...။ခပ်မြန်မြန်လမ်းလျှောက်လို့ CCTVကိုကြည့်လိုက်ကာမှ တံခါးရှေ့ရပ်နေသူက Lee Hana...။ရူးကြောင်ကြောင်ရေရွတ်မိတဲ့ နာမတစ်ခုကြောင့် Hoseokအသက်မဲ့စွာပြုံးလိုက်မိသေးတယ်...။တံခါးသံကြားတိုင်းသူဖြစ်စရာမှမလိုပဲ...။

" Hi hope "

တံခါးဖွင့်ပေးလိုက်တော့ ပန်းနုရောင်ဂါဝန်လေးနဲ့ Hanaက ပါးချိုင့်လေးတွေပေါ်အောင်ရယ်ပြလာတယ်...။အင်းးးJJKမှာလည်း ပါးချိုင့်သေးသေးလေးရှိသား...။

" ဟေ့ You... "

အတွေးနယ်ထဲခြေဆန့်နေတဲ့ Hoseokကရှေ့တည့်တည့်မှာရှိနေတဲ့လူကိုလုံးဝမေ့သွားတာဖြစ်တယ်...။Hoseokရဲ့မျက်နှာရှေ့ Hanaကလက်ဖျောက်တီးကာခေါ်တော့မှ ယောင်အအနဲ့ လက်ရှိကမ္ဘာထဲပြန်ရောက်လာရတဲ့အဖြစ်...။

YOUTH (Complete✅)Where stories live. Discover now