youth{6}

804 138 31
                                    

ဘဝဆိုတာ အမြဲတမ်းသာယာမနေဘူးဆိုတာ Jungkookနားလည်သွားပြီ..။အဆင်ပြေတော့မယ်လို့ထင်နေတဲ့သူနဲ့ Hobi hyungရဲ့အခြေနေကလဲ ဘယ်ကပေါက်လာမှန်းမသိတဲ့ လူတစ်ယောက်ကြောင့် ကမောက်ကမ...။

ကလေးလူမိုက်လို့ စိမ်းစိမ်းကားကားခေါ်နေရာကနေ JKလို့အဖျားလေးစွတ်ခေါ်နေပြီဖြစ်တဲ့အခြေအနေရောက်မှ LeeHanaဆိုတဲ့ အမျိုးသမီးကြောင့်ခုတော့သူ့မှာ ကျန်ရစ်ပဲလား ဆွဲစားရမလားတောင်မသိတော့...။ငါတက်လုပ်လိုက်ပြီးအပိုင်သိမ်းလိုက်ရရင်တော့လေ!!!

" အားးးးးရူးတော့မှာပဲ "

စိတ်ရှုပ်ထွေးမှုများစွာနဲ့ Jungkookက ခေါင်းပေါ်မှာရှိနေတဲ့ဆံပင်တွေကိုအကြောင်းမဲ့ ဆွဲဖွပစ်လိုက်တယ်...။အတန်းသားတွေကတော့ သူတို့အတန်းခေါင်းဆောင်ရဲ့ ရူးမိုက်မိုက်ပုံစံကို နားမလည်သလိုကြည့်နေကြတယ်...။ဒီရက်ပိုင်းတွေမှာ သူတို့အတန်းခေါင်းဆောင်က ပြုံးဖြီးနေလိုက်မဲ့ရွဲ့နေလိုက်နဲ့ စိတ်အခြေမနေကပုံမှန်မဟုတ်သလိုပဲ...။

" ဟေးးးး JK!!! "

JKလို့ခေါ်သံကြားတာကြောင့် Jungkookကခေါင်းငိုက်စိုက်ချထားရာကနေမော့ကြည့်လာတယ်...။တွေ့လိုက်ရတာက မျှော်နေရသူမဟုတ်တာကြောင့် မျက်နှာက ချက်ချင်းကို ပြိုတော့မဲ့မိုးလို မှိုင်းညို့သွားပြန်တယ်...။

" JK!!အဆင်ပြေရဲ့လား "

" မခေါ်နဲ့!!! "

" ဟေးး JK "

" မခေါ်ပါနဲ့ဆို!!! "

JKတစ်လုံးထဲကိုပဲနားကြားမြင်ကပ်အောင်ပြောနေတဲ့Taehyungက Jungkookကို စချင်လွန်းလို့တမင်ခေါ်နေတာဖြစ်တယ်...။မကြာသေးတဲ့ရက်တွေကမှ 'ကျွန်တော့်ကိုHobi hyungက JKလို့ခေါ်တာ'ဆိုပြီး ဂုဏ်ဆာပြခဲ့တဲ့ရုပ်ကို သူသိပ်မှတ်မိတာပေါ့...။
အခုများတော့ လဒအစာမရသလိုမျက်နှာမျိုးနဲ့မို့ စလို့နောက်လို့ တအားကိုကောင်းနေခြင်းပင်...။

" JK "

" မခေါ်ပါနဲ့ဆိုဗျားးး "

" အေးး အေးး မစတော့ဘူး "

ပျိုတော့မယ့်မိုးလိုမျက်နှာမျိုးနဲ့ မျက်ရည်အဝဲသားပြောလာတာကြောင့် စနောက်ချင်သေးပေမယ့်လည်း သည်းခံလိုက်တယ်...။ဒီလိုသနားစရာကလေးငယ်တစ်ယောက်ကို မစနောက်တော့ဘူး...။

YOUTH (Complete✅)Where stories live. Discover now