🍀 အပိုင်း 24 🍀

Start from the beginning
                                    

"ဟားဟား ဟုတ်ပါပြီဗျာ "

"ဒါနဲ့ ဖေဖေ.... မေမေရောဟင် "

"သမီးက မေးနေပြီ ထင်ရေ မေမေရောတဲ့ .... ထင်ရေ ထွက်လာခဲ့တော့ "

Happy Birthday To You 🎼
Happy Birthday To You🎼
Happy Birthday Dear Lily🎼
Happy Birthday To You🎂🎂

"မေမေ!!!!!!!"

လီလီလေးက နေ့ရက်ကို ဖက်နေရာကနေ
ပုံရိပ်ကို ပြေးဖက်သည်.....

"ဖြည်းဖြည်းလေ သမီးရဲ့ ..... ဒီမှာ birthday cake လေး အရင်မီးမှုတ်
လိုက်ဦး "

"ဒါ....ဒါလေးက "

"ဒီ Cake လေးက မေမေအပင်ပန်းခံပြီး
လုပ်ထားခဲ့တာ ..... ဆိုင်တွေလောက် အရသာ မကောင်းလောက်ပေမယ့် ဒီထဲမှာ မေမေ့အချစ်တွေ အများကြီးထည့်ထားတယ် သိလား "

သမီးက ပုံရိပ်ကိုင်ထားသည့် birthday cake လေးတွင်စိုက်ထားသည့် ဖယောင်းတိုင်လေးတွေ အကုန်မီးမှုတ်လိုက်သည်.....

"မွေးနေ့မှာ ပျော်ရွှင်ပါစေ မေမေ့ရဲ့ သမီးလေး ....."

ပုံရိပ် သမီးလေးကို birthday kiss လေး ပေးပြီး wish လိုက်သည်....

ပုံရိပ်တို့သားအမိကြည်နူးနေတာကို အားကျနေကြတာတော့ နေ့ရက်တို့ သားအဖပေါ့ ......

နေ့ရက်က သားကိုချီလာပြီး ပုံရိပ်တို့အနားရောက်လာသည်......

"ကဲကဲ ဖယောင်းတိုင်မီးမှုတ်ပြီးပြီဆိုတော့
cake ခွံ့ကျွေးရမယ့်အလှည့်..... လီလီလေး ဒီတစ်ခေါက်လဲ ဖေဖေ့ကို အရင်ဆုံး
ကျွေးမယ်မလား "

"ဟင့်အင်း ..... လီလီက ဒီတစ်ခေါက်တော့ မေမေ့ကို အရင်ခွံ့ကျွေးချင်တယ်....
ဖေဖေ့ကိုက နှစ်တိုင်း အရင်ခွံ့နေကြလေ
ဒီနှစ်တော့ မေမေကို အရင် .... ပြီးမှ ဖေဖေ့ကို ခွံ့ကျွေးမယ်လေနော် .... အဲ့လိုလုပ်လို့ မရဘူးလားဟင် ....."

"ရတာပေါ့ ..... ဘာလို့ မရရမှာလဲ ဖေဖေ့ မင်းသမီးလေး သဘော "

"အဲ့တာဆို မေမေ အကျယ်ကြီးဟနော် "

သမီးလေးက အရင်ဆုံး ခွံ့ကျွေးမည် ဆို၍ ပုံရိပ် ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်လေး ဟလိုက်သည်.....သမီးအတွက်ဆိုပြီး ကိုယ်တိုင်အပင်ပန်းခံ၍ လုပ်ထား
သည့် အတွက်ကြောင့်ပဲလား ဒါမှမဟုတ်
သမီးက အချစ်တွေ အပြည့်နဲ့ ခွံ့ကျွေးနေလို့ပဲလား မသိ ဒီနေ့ Cake ကလေးဟာ
ပုံရိပ် စားဖူးသမျှထဲတွင် အရသာအရှိဆုံးပင်......

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now