🍀 အပိုင်း 5 🍀

13.9K 419 1
                                    

Unicode:

အမုန်းများရဲ့ အလွန်~

🍀 အပိုင်း 5 🍀

သမီးနဲ့ သားလေးကြောင့် သူနဲ့ တစ်ခန်းထဲ ပြန်နေရပြီး တစ်အိပ်ရာထဲမှာ အတူရှိနေရသောကြောင့် ပုံရိပ် အိပ်လို့
မပျော်ပါ.....

အလားတူ နေ့ရက်သည်လဲ သူ့ဘေးတွင် ထင် ရှိနေသည်ဆိုသည့် အသိကြောင့်လူပျိုလေးလို ရင်တွေခုန်ကာ အိပ်မပျော်နိုင်ဘဲ ရှိနေသည်.....

King Size မွေ့ယာကျယ်ကြီးကိုမှ
အားမနာ နှစ်ယောက်သား ဘေးထောင့်လေးတွေကို ကပ်ပြီးသာ နေနေကြသည်....

နောက်ဆုံး မနေနိုင်သည့်နေ့ရက်ကပဲ ကျောပေးထားရာကနေ လှည့်လာပြီး

"ထင် .... မင်း အိပ်နေပြီလား "

"မအိပ်သေးဘူး ဘာလို့မေးတာလဲ "

နေ့ရက်က ကျောပေးထားသည့် ထင့်ကို
အားမလိုအားမရဖြစ်ပြီး သူနဲ့ မျက်နှာချင်း
ဆိုင်စေရန် သူ့ဘက်ကို ဆွဲလှည့်လိုက်သည်.....

"ရှင်ဘယ်လိုဖြစ်နေတာလဲ နေ့ရက်ဆက်
ကျွန်မ အိပ်တော့မှာ ....."

"ငါတို့ စကား​အေးအေးဆေးဆေး
ပြောသင့်ပြီ မထင်ဘူးလား .... သားလေးနဲ့ သမီးလေးအတွက် မစဥ်းစားတော့ဘဲ မင်းနဲ့ ငါနဲ့ ရှေ့ဆက်ပြီး ဒီလိုပဲ မာနတွေပြိုင်ပြီး နေသွားကြတော့မှာလား .....
ငါတို့ ၂ယောက်ပြေပြေလည်လည် နေဖို့က တကယ်ပဲ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလား ထင်..... "

"........."

"ငါ... မဟုတ်သေးဘူး .... အကယ်၍
ကိုယ့်ဘက်က အလျှော့ပေးမယ်ဆို မင်းဘက်ကရော ပြေလည်နိုင်မှာလား ထင် "

"ရှင်ဘာ​ပြောလိုက်တယ်
နေ့ရက်ဆက်....."

"ကိုယ်သိပါတယ်.... မင်းအပေါ်မှာ ၁၅နှစ်
လုံးလုံး ကိုယ်အနိုင်ယူခဲ့မိတယ်ဆိုတာ....
မိုးသားတို့ကအစ ကိုယ့်ကို
၀ိုင်းပြီးနားချကြတယ် .... ကိုယ့်ဘက်က
စပြီး မင်းကို အလျှော့ပေးဖို့ .....ဒါပေမဲ့ ကိုယ်တွေးတာက  တကယ်လို့ ကိုယ့်ဘက်က စလျှော့ပြီးမှ မင်းဘက်က လက်မခံဘူးဆိုရင် .... "

အခုချိန်ထိ သူ့ဘက်ကစပြီး မာနထိခိုက်မှာကို စိုးရိမ်နေသည့် နေ့ရက်ဆက်ကို
ကြည့်ပြီး ပုံရိပ် အံ့သြလွန်းရသည်....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now