🍀 အပိုင်း 3 🍀

13.2K 473 0
                                    

Unicode:

အမုန်းများရဲ့ အလွန် ~
🍀အပိုင်း 3🍀

ပုံရိပ် သားကတစ်ဖက် အလုပ်ကတစ်ဖက် နှင့် တော်တော်လေး ဗျာများနေရသည်....

ကုမ္ပဏီက ကောင်မလေး၂ယောက်ကို
Super market တစ်ခုကနေ အရုပ်တွေ သွား၀ယ်ခိုင်းပြီး  သားကို ဆော့
ခိုင်းထားရသည်....

သားက သူမအသံမကြားသည်နှင့် အော်အော်ငိုတတ်သောကြောင့် အလုပ်လုပ်နေရင်းနဲ့ သားကိုလဲ တစ်ချက် တစ်ချက် လှမ်းလှမ်းပြီး မြူရသေးသည် .....

၁၀နာရီခွဲလောက်ကျတော့ နေ့လယ်စာ မှာပြီး သားကို နေ့လယ်စာကျွေးရသည်....

သားကဘာစားတတ်လဲ သူမမသိတာမို့
ရေညှိဟင်းချိုလေးရယ် ပုစွန် နဲ့ ပြည်ကြီးငါး တန်ပူရာကြော်လေး မှာပြီး
ထမင်း ပူပူနှင့် သားကိုခွံ့ကျွေးပြီး သူမပါ
တစ်ခါထဲ စားလိုက်သည်.....

နေ့လယ်စာ စားပြီးတော့ သားလေး နေ့ခင်းကျရင်စားဖို့ ဆိုပြီး နို့တစ်ခွက်နှင့် ကြက်ဥပူတင်းလေးကိုပါ အဆင်သင့်ပြင်ခိုင်းထားလိုက်သည်....

သူမ၀ယ်ပေးထားသည့် block တုံးလေး
တွေနှင့် သားကိုဆော့ခိုင်းထားပြီး ပုံရိပ်
လဲ မနက်ဖြန် interview ရမည့်
၀န်ထမ်းတွေရဲ့ CV ကို ပြန်ကြည့်နေလိုက်သည်....

တော်တော်ကြာတော့ သားကစူးစူး၀ါး၀ါး
ထငိုသည်...... ပုံရိပ်လန့်ပြီး သားဆီကိုပြေးကြည့်တော့ သားကိုယ်တွင် allergic ထသလိုအနီဖုတွေဟာ အများကြီးပင် .....

သားက ကုတ်ထားတော့ တချို့နေရာလေး
တွင် သွေးလေးတွေတောင် စို့လာသည်....

သားက နာနာကျင်ကျင် ငိုနေသည်မို့
ပုံရိပ် ထိတ်ထိတ်ပြာပြာဖြင့် ဘာကနေဘယ်လိုစလုပ်ရမလဲ မသိတော့သည်မို့ ၀တ်မှုန်ကို လှမ်းခေါ်ရကာ ၀တ်မှုန်
ဦးဆောင်မှုဖြင့်ပဲ ဆေးရုံကို အမြန်သွားရသည် .....

ဆေးရုံရောက်တော့ ဆရာ၀န်က စစ်ဆေးပြီး ဆေးတစ်လုံးထိုးပေးသည်...အခုတော့
သားက ငိုရလွန်း၍ ထင်သည် မောပြီး အိပ်ပျော်သွားသည်......

"ကလေးက ဓာတ်မတည့်မှုဖြစ်သွားတာပါ ....ကြည့်ရတာ အစားမှားသွားတယ်ထင်တယ် .... ကလေးကို ဘာကျွေးမိသေး
လဲမသိဘူး "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now