🍀 အပိုင်း 22 🍀

Start from the beginning
                                    

ဆေးရုံရောက်တော့ သမီးမွေးတုန်းက ဆရာမကြီးဆီမှာပဲ စစ်ဆေးကြည့်တော့ မောင်ပြောသည့်အတိုင်း ကိုယ်၀န်က တကယ်ပဲ ၈ပတ်ထဲရောက်နေပြီ ဖြစ်သည်......

ဆေးရုံခန်းထဲက ပြန်ထွက်လာသည်နှင့် မောင်က အပျော်လွန်နေသည့် မျက်နှာ
နှင့်....

"တွေ့လား မောင်မပြောဘူးလား .... ကိုယ်၀န်ရှိနေတာ ကျိန်းသေပါတယ်လို့....
ကိုယ်၀န် ၈ပတ်ဆိုတာလဲ မှန်တယ်တွေ့လား.... မောင်က ကိုယ့်အစွမ်းအစ ကိုယ်ယုံပါတယ်ဆိုနေ "

"ကဲပါ မောင်ရယ် .... တိုးတိုးပြောပါ ....
လူတွေ ၀ိုင်းကြည့်နေကြပြီ "

"ဘာဖြစ်လဲ ကိုယ့်မိန်းမ ဗိုက်ကြီးလို့ ကိုယ့်ဘာသာ ကိုယ်ပျော်တာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ .... ဒီကိစ္စကို ကိုဆက်တို့ဆီပါ ဖုန်းဆက်ကြွားရမယ် .... သမီးကလဲ အငယ်လေးရတော့မယ်ဆိုတာသိရင် ဘယ်လောက် ၀မ်းသာမလဲ .... မောင်တို့ သမီးလေးကိုလဲ ဒီနေ့ပဲ ပြောပြကြမယ်နော်....."

"အွန်း မောင့် သဘော....."

ပျော်နေတဲ့ မောင့်ကိုကြည့်ပြီး အို့အို့လဲ အတိုင်းထက်အလွန် စိတ်ချမ်းသာရပါသည်.......

•°* •°* •°* •°* •°* •°* •°* •°* •°* •

ကန်တော်ကြီးတစ်ခုလုံး အနှံ့လည်ပတ်ကြပြီး ဒီဇင်ဘာခြံတွင် နွားနို့၀င်သောက်ခဲ့ကြသေးသည်......

အပြန်မှာတော့ သားရောသမီးရော မောပြီး အိပ်ပျော်သွားကြသည်.....

ကားနောက်ခန်းတွင် ခေါင်းချင်ဆိုင်ပြီး
အိပ်နေကြသည့် သားနှင့်သမီးကို ပုံရိပ် တစ်ချက်လှည့်ကြည့်ပြီး ပြုံးလိုက်မိသည်....

"အိပ်သွားကြပြီလား ထင် "

"အွန်း .... အိပ်နေကြတာများ ၀က်ကလေးတွေလိုပဲ ..... ဆော့လိုက်ကြတာဆိုတာ ... ညကျရင် ခြေလက်တွေကိုက်နေမလားမသိဘူး .... ဆေးကြိုတိုက်ထားရင် ကောင်းမယ်ထင်တယ်နော် ကို .... "

"မနက်ဖြန်လဲ အလှူနဲ့ ပင်ပန်းကြဦးမှာဆိုတော့ ကြိုတိုက်ထားတာ ကောင်းပါတယ်....သူတို့ သောက်နေကြ ဆေးပါလာ
တယ်မလား ထင် "

"ပါလာတယ်.... အဲ့တာဆို ညစာစားပြီးမှ တိုက်ထားလိုက်တော့မယ် "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now