🍀 အပိုင်း 20 - ဒုတိယပိုင်း🍀

Start from the beginning
                                    

"ဟွန်း အဲ့တာဆို စားရချည်သေးရဲ့ ....  မိုးသားတို့အိမ်က ရွှေတောင်ခေါက်ဆွဲလုပ်စားရင် အရမ်းကောင်းတာ "

"မိဘုတ်ရေ .... ရွှေတောင်ခေါက်ဆွဲကို
နင့်အစ်ကိုလေးအတွက်ထည့်လာခဲ့လိုက်တော့ "

"ထင်ကရော မစားသေးဘူးလား "

"မစားသေးဘူး .... သားကို ဒီကိတ်လေး
ကုန်အောင် ကျွေးလိုက်ဦးမယ်လေ "

"မိဘုတ်ရေ အဲ့တာဆို မထည့်နဲ့ဦး ....
ငါလဲ နင်တို့မမလေးနဲ့မှ အတူတူ စားတော့မယ် "

"ကိုကလဲ ၀မ်းချင်စုံတာမှမဟုတ်တာ....
မိဘုတ်ထည့်လိုက်တော့ "

"မိဘုတ်မထည့်နဲ့ဦး "

နောက်ဖေးမီးဖိုချောင်တွင် ရွှေတောင်ခေါက်ဆွဲ ထည့်နေသော မိဘုတ်အဖြစ်မှာ
ထည့်ရမှာလား မထည့်ရဘူးလားမသိတဲ့ အခြေအနေ......နောက်ဆုံးတော့ မိန်းမ စားမှ စားမယ်ဆိုသည့်အစ်ကိုလေးကြောင့် ကလေးတွေ မနက်စာ စားပြီးမှ မိဘုတ်မှာ ရွှေတောင်ခေါက်ဆွဲကို နှစ်ပွဲအတူတူ
ပြင်ပေးလိုက်ရသည်......

မနက်စာ စားပြီးတဲ့ ကလေးတွေကတော့ အိမ်ရှေ့မှာ ကာတွန်းကား ကြည့်နေကြပြီဖြစ်သည်....

မနက်စာ စားနေတုန်းရှိသေးသည် ထမင်းစားပွဲပေါ်တွင်တင်ထားသော
နေ့ရက်ဖုန်းက အသံမြည်လာသည်....

နေ့ရက် ယူပြီး ဘယ်သူ့ဆက်တာလဲဆိုတာကြည့်လိုက်တော့ Contact name မှာ
ပေါ်နေသည်မှာ "ဖွားဖွားကြီး" ဟု .....

"ဟဲလို မြေးလား "

"ဟုတ် ဖွားဖွားကြီး "

"အေး မြေး မင်းနေကောင်းရဲ့လား .... "

"ကောင်းပါတယ် ဖွားဖွားကြီးရဲ့ "

"မင်းမလဲ နေစိမ့်လိုက်တာနော်....
မင်းအမေနဲ့ တစ်ပုံစံထဲပဲ .....သံယောဇဥ် မပြတ်နိုင်သေးတဲ့ ဒီကဖွားအေမှာပဲ တစ်ခုခုသိချင်ရင် လှမ်းလှမ်းပြီး
ဆက်သွယ်နေရတယ်.... မြေးမလေး ပြန်ရောက်နေတာကို ဘာလို့ ဖွားကို မပြောတာလဲ ....."

နေ့ရက် ပုံရိပ်ကို လှမ်းကြည့်တော့ ပုံရိပ်က ဘာပြောတာလဲ ဆိုပြီး အသံတိတ်လှမ်း
မေးသည်......

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now