🍀 အပိုင်း 7 🍀

Start from the beginning
                                    

၀တ်မှုန်က ပုံရိပ်ကျောလေးကို ပုတ်ပေးပြီး "ငါ့သူငယ်ချင်းလေး စာတွေပိပြီး
လူလဲ သေးသေးလေးပဲ ရှိတော့တယ်...
စာမေးပွဲပြီးမှ နင်ငါသွားသမျှ မုန့်ဆိုင်
တွေ အကုန်လိုက်ရမယ်နော် "

"အေးပါဟာ.... ငါသွားပြီနော် ....
တာ့တာ"

"အေးအေး တာ့တာ .... "

ပုံရိပ် ကားပေါ်ရောက်မှ ၀တ်မှုန်ရှေ့ အဆင်ပြေတဲ့ပုံစံ ဟန်ဆောင်ထားရသည့်
စိတ်ကိုလျှော့ချလိုက်ရသည်.....

ထိုစဥ် ကားထဲက ရေဒီယိုမှ လွှင့်သည့် သီချင်းက အဆိုတော် မေဆွိရဲ့  အတ္တ ဖြစ်နေသည်....

"ငယ်စဥ်ကတည်းက ရိုးသားဖြူစင်ခဲ့
ရေလိုကြည်လင်အေးမြလို့ သာယာနေတဲ့ကိုယ့်ဘ၀ကို ဘယ်သူ၀င်ကာ ဆေးဆိုးလိုက်ပြီလဲ .....

အိုး....စဥ်းစားမရတော့ဘူး ကိုယ့်စိတ်တွေ
လေထဲမှာလွင့်မျောကာ ထိန်းမရနိုင်ဘူး
ကိုယ့်မျက်လုံးတွေလဲ အမြင်တွေမှုန်ရီဝေ၀ါး မသဲကွဲတော့ဘူး ... ရေး

ဆန္ဒများနဲ့ စိတ်ဓာတ်ကိုဖိစီး ခန္ဓာကိုယ်က သွေးဆဲလ်နဲ့ တည်ငြိမ်နေတဲ့နှလုံးသားထဲ
ဘယ်သူ၀င်ကာအဆိပ်ခတ်လိုက်ပြီလဲ
အို...အိပ်လို့မရတော့ဘူး ညညတွေ
ရင်မောကာနေရတာ စိတ္တဇလိုပဲ ကူညီကြပါဦး ဒီမှာကယောင်ချောက်ခြား အတွေးများနဲ့ရူး.... ရူး

အတ္တစိတ်ဟာ လူတစ်ကိုယ်လုံးဖုံးလွှမ်းကာ
ကိုယ့်အရိပ်ကို ရန်သူထင်တယ် ဦးနှောက်ထဲမှာ လိုချင်တာပဲသိ .... ဘယ်အရာတွေ
ဘယ်လို အို... ကောင်းသလား ဆိုးမှာလား
ကိုယ်ကိုယ်တိုင်လည်း ခွဲခြားမသိတော့ဘူး
အတ္တများနဲ့ အဆိပ်တက်လို့ အခန်းကျဥ်း
ထဲမှာ ကိုယ်တစ်ယောက်ထဲရူး..... "

အန်တီမေဆွိရယ် ..... ပုံရိပ်ကိုများ ကြည့်ပြီး ဆိုလေသလား ..... သီချင်းလေးထဲက
အတိုင်း ပုံရိပ်တစ်ကိုယ်လုံး အတ္တတွေနဲ့ အဆိပ်သင့်ပြီထင်ပါတယ် .... ရင်မောကာ နေရတဲ့ တကယ့် စိတ္တဇဘ၀လိုပဲ ပူလောင်
ရလွန်းတယ် .....ပုံရိပ်မသိခင်မှာပဲ မျက်ရည်ပူတွေဟာ ပုံရိပ်ပါးပေါ် စီးကျသွားခဲ့သည်......

အိမ်ရောက်တော့ မေမေ့ကို ဖြေနိုင်တယ်ပဲ ပြောပြီး အခန်းထဲ တန်း၀င်လာခဲ့သည်
...... အင်္ကျီလဲပြီးတာနဲ့ အိပ်ရာထဲ တစ်ခါ
ထဲ လှဲအိပ်လိုက်သည်.... ပုံရိပ် အိပ်ပျော်
အောင် အိပ်မှ ဖြစ်မည် .... မွန်းကြပ်နေတဲ့ ပုံရိပ်စိတ်ထဲက ပြန်ပြီး လွတ်မြောက်
ဖို့ဆိုတာ ပုံရိပ် အိပ်ပျော်သွားမှ ဖြစ်မည်....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now