🍀 အပိုင်း 7 🍀

Start from the beginning
                                    

နေပါဦး သူကအခု ပုံရိပ်ထင်ကို စိတ်ပူပေးနေတာလား ..... နေ့ရက်ဆက် မင်း စိတ်ကိုထိန်းစမ်း .... သတိလေးဘာလေး ထားဦး ....

ဆရာမက အခန်းထဲမှ ထွက်လို့ရပြီဆိုတာနဲ့ ပုံရိပ်ထင်အကြောင်း တွေးမနေတော့
ဘဲ ချက်ချင်းထထွက်လာခဲ့သည်.....

သင်္ချာဖြေပြီး ကျန်တဲ့၃ဘာသာ ဖြေရန် ကျန်နေသေးသော်လည်း စနေ တနင်္ဂနွေ နှစ်ရက် ပိတ်သည်မို့ နေ့ရက် ဒီနေ့တော့ စာလုပ်မှာ မဟုတ်ပေ .....

ပုံရိပ် စာမေးပွဲခန်းထဲမှ ထွက်လာတော့
နေ့ရက်ဆက်က သူ့သူငယ်ချင်း ၂ယောက်ကိုလည်ပင်းဖက်ပြီး ရယ်မောနေသည်....

သူကတော့ ပျော်နေမှာပေါ့ ပုံရိပ်မှာသာ ရင်ဘတ်တစ်ခုလုံး မွန်းကြပ်ဆို့နင့် နေပြီး အသက်ရှူမ၀တော့သလို ခံစားနေရသည်....

"ပုံရိပ်ရေ... "

နောက်မှ ၀တ်မှုန်ခေါ်သံကြောင့် ပျက်နေသည့် မျက်နှာကို ချက်ချင်းပြင်ပြီး ပုံရိပ်
ပြုံးပြလိုက်သည်.....

"ဖြေနိုင်တယ်မလား ပုံရိပ် ဒီနေ့လွယ်တယ်နော် .... "

"အေး ဟုတ်တယ် "

"ငါကလေ အရမ်းခက်တာကြီးတွေ ပါလာမှာဆိုးတာဟာ .... အခုတော့ တော်သေး
တယ် လွယ်လွယ်လေးတွေပဲ မေးလာလို့
.... မနေ့က ဆရာမကြီးက အင်္ဂလိပ်စာ
ကို ခက်ထားတော့ ဒီနေ့ သင်္ချာကို လွယ်ပေးလိုက်သာ ဖြစ်မယ်နော် ပုံရိပ် "

"အင်း ဟုတ်လောက်မယ် "

ပုံရိပ် မချိပြုံးပြုံးရင်း ၀တ်မှုန်ကို စကားပြန်ပြောနေရသည်.... ဒီနေ့ ဖြေနိုင်လို့ အကုန်လုံး ပျော်နေကြသည့် အချိန် ပုံရိပ်ကတော့ အသုံးမကျလိုက်တာ..... ၀တ်မှုန်ရှေ့တွင် မျက်ရည်ကျလာမည်ဆိုး၍ နှုတ်ခမ်းအတွင်းသားကို သွားနဲ့ဖိကိုက်ပြီး မနည်းထိန်းထားရသည်....

"၀တ်မှုန် ငါ့အိမ်က ကားလာကြိုပြီ...  ငါသွားတော့မယ်နော် "

"အေးအေး နင်အိမ်ပြန်ရောက်ရင် ခဏ
နားဦးနော် ကျောင်းနှစ်ရက်ပိတ်တာပဲ
ဟာကို ဟုတ်ပြီလား "

ပုံရိပ် ... ၀တ်မှုန်ကို လှမ်းဖက်လိုက်ပြီး

"ကျေးဇူးပါဟာ "

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now