🍀 အပိုင်း 7 🍀

Start from the beginning
                                    

သင်္ချာမှာ နေ့ရက်ဆက်ကဖြတ်ထိုးဥာဏ် တအားကောင်းသည် ..... ပုစ္ဆာတစ်ပုဒ်မြင်သည်နှင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ တန်းသိပြီး ခဏလေးအတွင်း အ​ဖြေထွက်သည်... ပုံရိပ်က သူ့လို မဟုတ်တာမို့
မေးခွန်းမြင်တာနဲ့ ဘယ်လိုတွက်ရမလဲဆို
တာသိအောင် များများတွက်ပြီး များများ
လေ့ကျင့်မှ ဖြစ်မည် .....

မေမေက အိပ်ခိုင်းနေပြီ ပုစ္ဆာတွေက တွက်ဖို့ကျန်နေသေးသည်ဟူသောစိတ်ကကြီးစိုး လာသောအခါ တွက်နေသည့်ပုစ္ဆာ
ပင် ပုံရိပ် ဆက်မတွက်တတ်တော့ပေ....

စိုးရိမ်စိတ်တွေနဲ့ ပူလောင်ရသောအခါ
ငိုချင်လာပြီး မျက်ရည်က အလိုလို ကျလာသည်...

ပုံရိပ်သာ မနက်ဖြန် သင်္ချာကို အပုဒ်စေ့
မဖြေနိုင်ဘူးဆိုရင် .... ဟင့်အင်း မဖြေနိုင်ဘူးဆိုတာ မဖြစ်ရဘူး ဖြေကို ဖြေနိုင်ရမယ်.....

ပုံရိပ်ထင် ကြိုးစားထား နင်လုပ်နိုင်ရမယ်......

*•°*•°*•°*•°*•°*•°*•°*•°*•°*•°*•°*

စာမေးပွဲခန်းထဲ ဆရာမက အဖြေလွှာ စာရွက်တွေ သိမ်းသွားပြီးချိန်အထိ ထိုင်ခုံ
မှာ ပုံရိပ်ငူငူကြီး ထိုင်နေမိသည်.....

ပုံရိပ် ဘယ်လိုဖြစ်သွားခဲ့ရတာလဲ ...
ကိုယ့်ကိုယ်ကိုလဲ တကယ် မယုံနိုင်ပါ....

ဒီမနက် မေးသွားသော သင်္ချာမေးခွန်းသည် ပုံရိပ်ညက မနက်တစ်နာရီခွဲအထိတွက်ထားခဲ့သော ပုစ္ဆာများထဲမှ တစ်ပုဒ်မှ မေးမသွားပါ ..... အားလုံးဖြေနိုင်လောက်
မယ့် မေးခွန်းတွေပဲ မေးသွားသည်....

ဒါပေမဲ့ ပုံရိပ် မဖြေနိုင်ခဲ့ပါ .... ခက်တဲ့ ပုစ္ဆာတွေပဲ ဖိတွက်ခဲ့လို့ အရမ်းလွယ်ပြီး
အားလုံးဖြေရှင်းနိုင်လောက်မည့် ထိုပုစ္ဆာလေးကို ပုံရိပ် ရင်းနှီးနေခဲ့ပေမယ့် နောက်ဆုံးအချိန်ထိ ဘယ်လိုအစဖော်ပြီး တွက်ရမလဲ မသိခဲ့လို့ အဲ့တစ်ပုဒ်ကို ချန်ထားခဲ့ရသည်......

နေ့ရက် ဘောပင်တွေခဲတံတွေသိမ်းရင်း
ဘာရယ်မဟုတ် အနောက်ကို လှည့်ကြည့်
မိတော့ ငေးငေးလေး ထိုင်နေသည့်
ပုံရိပ်ထင် ......မျက်နှာက မသာမယာနဲ့ ဘယ်လိုဖြစ်တာလဲ ...... မဖြေနိုင်လို့လား
ဟင့်အင်း မဖြစ်နိုင်ပါဘူး .....မေးခွန်းက ဒီလောက်လွယ်တာ .... သူအကုန်ဖြေနိုင်
မှာပါ .....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now