🍀 အပိုင်း 1 🍀

Start from the beginning
                                    

"........"

"စျေးထပ်ပေးမယ့်သူမရှိတော့ဘူးဆိုတော့သိန်း ၃သောင်း တစ်ကြိမ်.... သိန်း၃သောင်း နှစ်ကြိမ်..."

ထိုစဥ် presenter အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာသည်....

"တောင်းပန်ပါတယ်ခင်ဗျာ..... ဖုန်းလေး
တစ်ချက်ဖြေလိုက်ပါဦးမယ်....

ဟုတ်ကဲ့ခင်ဗျ .... အခုကတော့ သိန်း၃သောင်းနဲ့ နောက်ဆုံး စျေးတင်ထားပါတယ်ခင်ဗျ....ဟုတ်ကဲ့ တစ်ချက်လောက် ကိုင်ထားပေးပါနော် အားလုံးကြားအောင် ကျွန်တော် ဖုန်း speaker လေး ဖွင့်လိုက်ဦးမယ်ခင်ဗျ ...."

Presenter က ဖုန်း speaker ဖွင့်လိုက်တော့ ဖုန်းထဲမှ ကြည်လင်ပြတ်သား
သော အမျိုးသား အသံတစ်သံ ထွက်ပေါ်
လာသည်.....

"သိန်း ၄သောင်း ပေးမယ် "

ပုံရိပ်ရဲ့ မျက်၀န်းလှလှလေးတွေဟာ ပုံမှန်ထက် ပိုပြီး၀ိုင်းစက်သွားရသည်....

"ဟုတ်ကဲ့ပါခင်ဗျာ .... Day Construction က သိန်း ၄သောင်း
ပေးပါတယ်ခင်ဗျာ.... သိန်း၄သောင်း
ထက် ပိုပေးချင်တဲ့သူ ရှိပါသေးလားခင်ဗျာ....."

Day Construction.... အခု Day Construction လို့ပြောလိုက်တာလား.... တဆတ်ဆတ်တုန်ရင်လာသည့်
ပုံရိပ်လက်တွေကို ထိန်းချုပ်ရန် ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်....

"သိန်း၄သောင်း တစ်ကြိမ်.... သိန်း၄သောင်း နှစ်ကြိမ်... သိန်း၄သောင်း
သုံးကြိမ်.... ဟုတ်ကဲ့အခုဆိုရင်တော့
10ဧကတိတိကျယ်၀န်းတဲ့ ဒီအဖိုးတန်
မြေကွက်ကြီးကို Day Construction
က မြန်မာငွေ သိန်းပေါင်း ၄သောင်းနဲ့ ပိုင်ဆိုင်သွားပြီလဲ ဖြစ်ပါတယ် .... "

လေလံပွဲပြီးသွားတာနဲ့ ခန်းမကြီးထဲရှိ လူအများဆီမှ တီးတိုးစကားတွေ အလီလီ ထွက်ပေါ်လာသည်....

-Day Construction ရဲ့ ဥက္ကဌ က
လူငယ်လေးမလား ....

-မောင်နေ့ရက်ဆက်လေဗျာ....
တလောကတောင် ကျုပ်တို့နဲ့ dinner မှာဆုံခဲ့ဖူးတဲ့လူငယ်လေဗျာ....

-ဪ အဲ့တာကြောင့် ဒီနာမည်ကြားဖူး
ပါတယ်လို့ တွေးနေတာ.... တော်တော်ရင်းရဲတဲ့ လူငယ်ဗျာ.... ငွေ သိန်း ၄သောင်း ဆိုတာ နည်းနည်းနောနော ပမာဏလားဗျ....

🍀 အမုန်းများရဲ့ အလွန် 🍀Where stories live. Discover now