"နန်းစောရှင်"

"မှန်ပါ အိမ်ရှေ့မင်း"

"မြင်းဇာနည်ကို သမိန်သူရကိုပေးလိုက်ပြီးကိုယ်တော်နဲ့ဇမ္ဗုကိုစီးပါလေ"

"သည်လိုကမသင့်တော်ပါဘူး အိမ်ရှေ့မင်း"

"ဘာလို့မသင့်တော်လေရော့သလဲ ဗညားငယ်ဦးကင်း‌ထိန်းလေပြီး ကိုယ်တော်တို့က ပုခက်ထဲကလိုက်လေမှာကို"

နန်းစောရှင် အိမ်ရှေ့မင်းစကားကြောင့် အလန့်တကြား မျက်လုံးများပြူးထွက်လာသည်မှာ ဆီမီးရောင်အောက်က ပုရစ်သဖွယ်။

'ဘယ်လိုလုပ် ဟံသာဝတီမင်းသားတစ်ပါးကို ဆင်ဦးကင်းထိန်းစေပြီး သူကပုခက်ထဲထိုင်ဝံ့ပါ့မလဲ'

နန်းစောရှင် ခေါင်းကိုကပြာကယာခါလိုက်သည်။

"ပိုလို့တောင်မသင့်တော်ပါဘူး အိမ်ရှေ့မင်း"

"အိမ်း  ပြည်တော်ပြန်နှစ်ရက်ခရီးကို နန်းစောရှင်နဲ့ခွဲပြီး ကိုယ်တော်ဘယ်လိုနေရပါ့"

"အိမ်ရှေ့မင်း"

နန်းစောရှင် အံကိုတင်းတင်းကြိတ်ပြီး ခပ်အုပ်အုပ်အော်လိုက်သည်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အိမ်ရှေ့မင်း တဲနန်းအနီးတွင် မည်သူမှမရှိ။နန်းစောရှင် သက်ပျင်းလေးချလိုက်သည်။

'သည်အိမ်ရှေ့မင်းဟာလေ ဘယ်လိုဖြစ်နေတယ်မသိ အိမ်ရှေ့မင်းရဲ့တိုက်ဆင်ဘေးမှာ သူကမြင်းနဲ့ခြံရံရလေမှာကို ခွဲတာတွေမခွဲတာတွေပြော‌နေတယ်'

"အိမ်ရှေ့မင်း သည်လိုတွေဆက်ပြောနေရင် ကျွန်တော်မျိုး အရင်သွားနှင့်ပါတော့မယ်"

နန်းစောရှင်ကပြောပြီး လှည့်ထွက်သွားသည်။နန်းစောရှင်ရဲ့ငွေခြေချင်းမှ ခြူသံက တချွင်ချွင်မြည်နေပြီး အေးစက်စက်အကြည့်ပေးကာ လှည့်ထွက်သွားပုံက ချစ်စရာကောင်းလွန်းသည်။အလိုမကျဟန် မျက်ခုံးနှစ်ခုက ထိစပ်တော့မယောင်နီးကပ်နေပြီး တည်တင်းသည့်နှုတ်ခမ်းတစ်စုံက အနည်းငယ်မျှတောင်စူထွက်လာခြင်းမရှိ။

ဗညားသတိုး ရင်ထဲကချိုမြိန်မှုလေးတွေကို မြိုသိပ်ရင်း နန်းစောရှင် နောက်မှလိုက်သွားသည်။ဗညားသတိုး နန်းစောရှင်ရဲ့နောက်ကျောမှတဆင့် သိုင်းဖက်လိုက်ပြီး နန်းစောရှင်ရဲ့ကုပ်ပိုးလေးကိုနမ်းသည်။စစ်ဝတ်စုံမှ နန်းစောရှင်ရဲ့ချွေးနံ့ရောထွေးနေသည့်ကိုယ်သင်းနံ့က ဗညားသတိုးရင်ထဲအထိ စွဲမြဲသွားစေသည်။

ချစ်သောပြည့်ရှင်မင်း(Completed)Where stories live. Discover now