ခါတိုင်းလို ခပ်သွပ်သွပ်ခြေလှမ်းတွေနဲ့မဟုတ်တော့တဲ့ Jungkookက တစ်စုံတစ်ခုကိုစိုးရိမ်နေတာဖြစ်တယ်...။လုပ်မယ်ဆိုရင် ဇိုးဇိုးဇက်ဇက်လုပ်ပစ်တတ်တဲ့Jungkookက အခုတော့ အမြဲတမ်းတွေးပူနေရပြီ...။
အချစ်ဟာပူတယ်တဲ့..သူများပြောတုန်းကမယုံခဲ့တဲ့ Jungkookက သဘာဝနဲ့ဆန့်ကျင်တဲ့အချစ်ကိုတောင်ရူးရူးမိုက်မိုက်နဲ့ရွေးပစ်ခဲ့တာ...။တကယ်တော့ အချစ်ကြောင့်ပူတာမဟုတ်ဘူး ကိုယ့်ကိုယ်ကို လောင်ကျွမ်းစေဖို့ရွေးချယ်ခဲ့တဲ့ ကိုယ်တိုင်ကြောင့်သာ ပူလောင်နေရတာဖြစ်မှန်း Jungkookကောင်းကောင်းကြီးကို သိသွားပြီ...။
အထက်တန်းနောက်ဆုံးနှစ်ရဲ့ အတန်းAမှာ လူတွေက ကိုယ်ထိုင်ခုံမှာကိုယ်စီထိုင်လို့ စာကိုသာ သဲကြီးမဲကြီးကြိုးစားနေကြပြီ...။Hobi hyungကရော...။
" Jungkook! "
အတန်းထဲကိုလှည့်ပတ်ကြည့်နေတုန်းခေါ်သံကြားလိုက်ရတာမို့ Jungkookလှည့်ကြည့်လိုက်တယ်...။သူ့ကိုခေါ်နေတာက Hobi hyungရဲ့သူငယ်ချင်း Namjoon hyungဖြစ်တယ်...။
" Hoseokကိုလာရှာတာလား "
" အင်းးး "
ပြန်ဖြေတဲ့သူကပါးစပ်ကသာဖြေနေပေမယ့် မျက်လုံးတွေကတော့ အတန်းတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေတုန်းပဲ...။
" Hoseokကမရှိဘူး "
" ဟင် "
Hoseok မရှိဘူးပြောလိုက်တော့ကောင်လေးက မျက်လုံးဝိုင်းတွေနဲ့ပြန်ကြည့်တယ်...။အကြည့်တွေမှာ Hoseokရဲ့တည်နေရာကိုပါပြောပြစေချင်ကြောင်းထောက်ပြနေတယ်...။
" Hanaနဲ့အဖော်လိုက်သွားပေးတယ် "
" ဘယ်ကိုလဲ "
" ရိုးရာတန်းဘက်ကို "
" ကျောင်းပျက်ပြီးတော့လား "
Jungkookရဲ့အမေးကို Namjoonပခုံးအသာတွန့်ပြလိုက်တယ်...။ကျောင်းချိန်အမှီရောက်မလား မရောက်လောက်ဘူးလား သူမသိဘူးလေ...။
" ခွင့်ပြုပါအုံး "
Namjoon hyungကိုနှုတ်ဆက်ပြီးတာနဲ့ အတန်းတောင်မပြန်နိုင်တော့ပဲ ရိုးရာတန်းဘက်ကိုသွားဖို့ပြင်ရတယ်...။
youth{6}
Start from the beginning